နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်မဲမြို့ One Love ဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်၊ TNLA လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများ သုံးသပ်

ကျောက်မဲမြို့ One Love ဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်၊ TNLA လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများ သုံးသပ်

Hsan Loi Editor
27/05/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ (၁)ရပ်ကွက်ရှိ One Love Hotel အရှေ့ ယမန်နေ့ မေလ(၂၆)ရက်နေ့ ည(၈း၂၀)နာရီဝန်းကျင်ခန့်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဟိုတယ်ဝန်ထမ်းတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုအနီးတွင် ကျောက်မဲဒေသခံပြည်သူများ အားကိုးအားထားပြုရသည့် ဆေးခန်းတစ်ခုလည်းရှိပြီး ပေါက်ကွဲမှုကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ကြသည်ဟုဆိုသည်။ လူ(၁)ဦးအပြင် ဟိုတယ်အတွင်း ရပ်ထားသော ကား(၂)စီးလည်း ထိခိုက်ခဲ့သည်ဟု သိရသည်။

 

“လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဟိုတယ်ပိုင်ရှင်ထံကို ဆက်ကြေးတောင်းတာ မပေးသေးလို့ အခုလို ဗုံးလာခွဲတာလို့တော့ ပြောကြတယ်။ ဘယ်အဖွဲ့လဲဆိုတာကို အသေအချာမသိရသေးပေမယ့် TNLA ဖြစ်တယ်လို့တော့ ဟိုတယ်ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက ပြောပြတယ်။ ဟိုတယ်ပိုင်ရှင်က ကျောက်မဲမှာ အခြားလုပ်ငန်းတွေလည်းရှိသေးတော့ သူတို့ကို ငွေညစ်တောင်းကြတာဖြစ်မယ်။ ဘယ်အဖွဲ့က အခုလိုတောင်းပြီး ဖောက်ခွဲခြိမ်းခြောက်တယ်ဆိုတာကိုတော့ ဟိုတယ်ပိုင်ရှင်နဲ့ဝန်ထမ်းတွေက ကြောက်ကြလို့ မပြောရဲကြပါဘူး။ ကျောက်မဲမှာက TNLA အပြင် SSPP နဲ့ စစ်ကောင်စီအဖွဲ့တွေပဲရှိတယ်။ ကျောက်မဲမှာ ညမထွက်ရ မာရှယ်လော အမိန့်လည်း ရှိနေသေးလို့ လူအရမ်းမထိခိုက်တာပေါ့။” ဟု အဆိုပါဟိုတယ်အနီး နေထိုင်သော ကျောက်မဲဒေသခံတစ်ဦးက ပြောပြသည်။

 

ကျောက်မဲမြို့တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ကြေညာထားသောမြို့တစ်မြို့ဖြစ်သည်။