နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာက ပြောင်းဖူးချိုးရန်သွားသော အမေနှင့်သမီးဖြစ်သူနှစ်ဦးစလုံး ဓားခုတ်ခံရပြီးသေဆုံး

ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာက ပြောင်းဖူးချိုးရန်သွားသော အမေနှင့်သမီးဖြစ်သူနှစ်ဦးစလုံး ဓားခုတ်ခံရပြီးသေဆုံး

Hsan Loi Editor
17/11/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာတွင် နေထိုင်သော ဒေါ်နန်းခမ်းရွှေ (၄၅) နှင့် သမီးဖြစ်သူ နန်းမိုခမ်း (၂၃) နှစ်သည် ယနေ့ နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းခန့်၌ တောယာခုတ်သွားနေစဉ်အတွင်း ဓားခုတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်

ပိန်)၏ ဖော်ပြထားမှုအရ သမီးဖြစ်သည် နံနက်

အစောပိုင်းကစပြီး တောင်ယာသို့ ပြောင်းချိုးသွားခဲ့ကြောင်း နောက်တစ်နာရီခန့်အကြာ အမေဖြစ်သူက ထမင်းဟင်းချက်ပြုတ်ပြီး တောင်ယာသို့လိုက်သွားခဲ့သည်ဟုဆိုသည်။ နေ့လည်(၁၁) နာရီတွင် ဒေါ်နန်းခမ်းရွှေ၏ အမျိုးသားဖြစ်သူက တောင်ယာသို့လိုက်သွားချိန် သမီးဖြစ်သူနှင့် ဇနီးဖြစ်သူ ဓားဖြင့် ခုတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အမျိုးသမီး(၂)ဦးကို ဓားဖြင့်ခုတ်သတ်သွားသော တရားခံအား ရှာဖွေနေဆဲဖြစ်ပြီး (၂) လောင်းပြိုင်လူသတ်မှုဖြစ်ပွားသော ဒေသသည် SSPP/SSA အဖွဲ့၏ လှုပ်ရှားရာဒေသဖြစ်ကြောင်း သတင်းရရှိသည်။