နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်မဲမြို့နယ် တိုက်ပွဲ၌ ဒေသခံပြည်သူ (၃) ဦးထက်မနည်း လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးမှုရှိနေ

ကျောက်မဲမြို့နယ် တိုက်ပွဲ၌ ဒေသခံပြည်သူ (၃) ဦးထက်မနည်း လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးမှုရှိနေ

Hsan Loi Editor
26/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ယနေ့ နံနက် (၅) နာရီကျော်ခန့်က စတင်ပြီး စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

 

ယနေ့ နေ့လည်ပိုင်းအထိ တိုက်ပွဲသံများ ကြားနေရဆဲဖြစ်ပြီး လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

 

တိုက်ပွဲကြားပိတ်မိနေသော ပြည်သူလူထု နေအိမ်များအနီးလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လက်ရှိအချိန်အထိ ဒေသခံပြည်သူ (၃) ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

 

ကျောက်မဲမြို့ (၉) ရပ်ကွက်၌ အမျိုးသမီးတစ်ဦး ဦးခေါင်းအား ကျည်ထိမှန်ပြီး ယနေ့ နံနက်ပိုင်းက သေဆုံးခဲ့ရသည်။ ဒါ့အပြင် ကျောက်မဲမြို့ (၈) ရပ်ကွက် အခွန်လွတ်ဈေးအနီး၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ကျည်စထိမှန်သေဆုံးခဲ့သည်။ အလားတူ ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာမှ ပြည်သူတစ်ဦးလည်း ကျည်ထိမှန်ပြီး သေဆုံးခဲ့ရသည်။ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးသောကြောင့် ကျည်ထိမှန်သူများအလောင်းအား သယ်ဆောင်ရန် ခက်ခဲနေသေးတယ်သည်ဟု လူမှုကူညီရေးအသင်းထံမှ စုံစမ်းသိရှိရသည်။ ဒါ့အပြင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံမိဘပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာရရှိထားသည်။

 

ကျောက်မဲ-သီပေါကား လမ်းမကြီးပေါ်ရှိ ဆွတ်လမ်းတံတားလည်း မိုင်းခွဲဖျက်ဆီးခံရပြီဟု သိရသည်။

 

လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် TNLA တို့သည် နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ မိုးကုတ်မြို့နယ်များ၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။