နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်မဲမြို့နယ် ဂုတ်တွင်းအဆင်းလမ်း၌ Light Truck ကားတစ်စီး ပေ (၇၀) ခန့်နက်သော ချောက်အတွင်းပြုတ်ကျ

ကျောက်မဲမြို့နယ် ဂုတ်တွင်းအဆင်းလမ်း၌ Light Truck ကားတစ်စီး ပေ (၇၀) ခန့်နက်သော ချောက်အတွင်းပြုတ်ကျ

Hsan Loi Editor
08/07/2023
Share:

 

ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲ-နောင်ချို လမ်းမကြီး ကျောက်မဲရေကန်စားသောက်ဆိုင်တန်းအကျော် တံတားအကွေ့၌ Light Truck ကားတစ်စီး မတော်တဆလမ်းချော်ပြီး ချောက်ထဲသို့ တိမ်းမှောက်ပြုတ်ကျခဲ့ကြောင်း သိရသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ (၄) ဦးနှင့် ယာဉ်မောင်းတစ်ဦး စုစုပေါင်း (၅) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

 

ထိုအထဲတွင် ကလေးငယ် (၂) ပွန်းပဲ့ဒဏ်ရာရရှိခြင်း၊ အမျိုးသမီးတစ်ဦး ညှက်ရိုးကျိုးခြင်း၊ နောက်အမျိုးသမီးတစ်ဦး ခါးရိုးနှင့်ခြေကျင်းဝတ်ရိုး ဒဏ်ရာရရှိခြင်းနှင့်အမျိုးသားတစ်ဦး ထိခိုက်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

 

၎င်းတို့ကို အနီးဆုံးရှိ ဆေးရုံများထံ ဒေသတွင်း လူမှုကူညီရေးအသင်းများက ပို့ဆောင်ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Photo credit & ကမ်းလင့်လက်လူမှုကူညီရေးအသင်း