နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်မဲနဲ့ သီပေါ တိုက်ပွဲတွင် TNLA မှ ကြွက်မနိုင် ကျီမီးရှို့ဆိုတဲ့ ရန်လိုမှု မဟုတ်မမှန် ဝါဒသတင်း ဖြန့်လွှင့်မှုများအတွက် တာဝန်ယူဖြေရှင်းပေးရန် SSPP မှထုတ်ပြန် ပြည်သူများရဲ့ အသက်အိုးအိမ်များ ထိခိုက်ပျက်စီးမှုအတွက် နှစ်ဖက်အဖွဲ့အစည်းများ တာဝန်ယူပေးရမယ်လို့ တိုက်တွန်းထား

ကျောက်မဲနဲ့ သီပေါ တိုက်ပွဲတွင် TNLA မှ ကြွက်မနိုင် ကျီမီးရှို့ဆိုတဲ့ ရန်လိုမှု မဟုတ်မမှန် ဝါဒသတင်း ဖြန့်လွှင့်မှုများအတွက် တာဝန်ယူဖြေရှင်းပေးရန် SSPP မှထုတ်ပြန် ပြည်သူများရဲ့ အသက်အိုးအိမ်များ ထိခိုက်ပျက်စီးမှုအတွက် နှစ်ဖက်အဖွဲ့အစည်းများ တာဝန်ယူပေးရမယ်လို့ တိုက်တွန်းထား

Hsan Loi Editor
18/10/2025
Share:
ကျောက်မဲနဲ့ သီပေါ တိုက်ပွဲတွင် TNLA မှ မဟုတ်မမှန် ဝါဒသတင်းဖြန့်လွှင့်မှုများကို ကန့်ကွက်ရှုတ်ချပြီး တိုက်ပွဲကြောင့် ဒေသခံလူထု ထိခိုက်နစ်နာမှုများအတွက် တာဝန်ယူဖြေရှင်းပေးရန် SSPP/SSA က ယနေ့ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။May be an image of text
၎င်းတိုက်ပွဲတွင် TNLA ရဲ့ အရေးနိမ့်မှု၊ ကျောက်မဲ၊ သီပေါ လက်လွတ်ဆုံးရှုံးရမှုသည် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်တပ်ကို ကူညီပေးမှုနဲ့ လမ်းကြောင်းဖွင့်ပေးမှုကြောင့် ဖြစ်တယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ရဲ့ မီဒီယာမှာ စွပ်စွဲပြောကြားခဲ့တာတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
အခြေအမြစ်မရှိတဲ့ ၎င်းစွပ်စွဲမှုသည် SSPP/SSA အပေါ် လူထုနဲ့ တော်လှန်ရေးအင်အားစုများအကြား ထင်ယောင်ထင်မှား ဖြစ်စေတဲ့အပြင် SSPP အား နိုင်ငံရေးအရ ထိုးနှက်လိုမှု၊ လူထုများအကြား စည်းရုံး ရေးကျဆင်းစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ကြွက်မနိုင် ကျီမီးရှို့ ဆိုတဲ့ ရန်လိုမှုအသုံးအနှုန်း ပြောကြားတဲ့ အတွက် အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။
နောက်နောင် အလားတူ လုပ်ကြံသတင်းဖြန့်လွှင့်မှု မရှိစေရေးအတွက် ထိန်းသိမ်းကြပ်မတ်သွားရန် လိုအပ်တယ်လို့ သတိပေးထားပါတယ်။
SSPP/SSA အနေနဲ့ နောင်ချို−ကျောက်မဲ−သီပေါ တိုက်ပွဲများကြားတွင် မည်သည့်ဘက်မှ ဝင်ရောက် စွက်ဖက်ခြင်းမရှိဘဲ စစ်ဘေးရှောင်လူထုများကို ကြိုးစားကူညီတဲ့ လူထုကယ်ဆယ်ရေးလုပ်ငန်းများကို သာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
May be an image of text that says '၄။ သို့ဖြစ်ပါ၍ မဟုတ်မမှန်သတင်းဖြန့်လွင့်မှုအတွ .ဘက်မှ တာဝန်ယူဖြေရှင်းပေးရန် လိုအပ်သကဲ့သို့ လူထုအသက်အိုးအမ်စည်းစိမ်ပိုင်ဆိုင ထိခိုက်ပျက်စီးဆုံးရှုံးမှုျားအတွ နှစ်ဖက်သော သက်ဆိုင်သူအဖွဲ့အစည်းများက တာဝန်သိသိဖြင့် တာဝန်ယူဖြေရှင်းပေးရမည်ဟု ဒေသခံလူထုများကိုယ် စား SSPP/SSAY လေးနက်တည်ကြည်စွာ တိုက်တွန်းအသိပးဆုတ်ပြန်အပ်ပါသည သတင်းနှင့်ပြန်ကြားရေးဌာန ရှုမ်းပြည်တိုးတက်ရေးပါတီ ဆက်သွယ်ရန်- ဒုဗိုလ်မှူးကြီး ခုဗိုလ်မှုးကြီုးြးမုန် ဖုန်းဟန် ဖုန်း ၉၅၉၆၈၉၆၇၂၇၈၉'
SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်နဲ့ TNLA တို့သည် တိုက်ပွဲများ ဖော်ဆောင်ကာ လူထုအသက်အိုးအိမ်စည်းစိမ် ပိုင်ဆိုင်မှုများ ဆိုးရွာစွာ ထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့သည်မှာ အထူးစိတ်မကောင်း ဖြစ်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
TNLA ရဲ့ မဟုတ်မမှန် သတင်းဖြန့်လွှင့်မှုအတွက် တာဝန်ယူဖြေရှင်းရန် လိုအပ်သလို ပြည်သူများရဲ့ အသက်အိုးအိမ်ပိုင်ဆိုင်မှု ထိခိုက်ပျက်စီးဆုံးရှုံးမှုအတွက် နှစ်ဖက်သက်ဆိုင်တဲ့အဖွဲ့အစည်းများက တာဝန်သိသိဖြင့် တာဝန်ယူဖြေရှင်းပေးရမယ်လို့ SSPP က တိုက်တွန်းထုတ်ပြန်ထားပါတယ်။