နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်ဂူ-သာစည်-အထက်ရဲရွာလမ်း မိုးရွာသွန်းမှုကြောင့် သွားလာရန်ခက်နေ

ကျောက်ဂူ-သာစည်-အထက်ရဲရွာလမ်း မိုးရွာသွန်းမှုကြောင့် သွားလာရန်ခက်နေ

Hsan Loi Editor
08/11/2024
Share:

 

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း သျှမ်းပြည်နယ်မြောက်ပိုင်းနှင့်သျှမ်းပြည်နယ်တောင်ပိုင်းကို ဆက်သွယ်သွားလာရာ၌ အဓိကလမ်းဖြစ်သော ကျောက်ဂူ-သာစည်-အထက်ရဲရွာလမ်းသည် မိုးရွာသွန်းမှုကြောင့် ယမန်နေ့ နိုဝင်ဘာလ(၇)ရက်နေ့ကစတင်၍ ဖြတ်သန်းသွားလာရန် ခက်ခဲနေကြောင်း သိရသည်။

 

မိုးပြန်လည်ရွာသွန်းလာမှုကြောင့် မြေသားလမ်းများတွင် ပွတ်ပြန်အိုင်လာခြင်းဖြစ်ပြီး ကားများ ပွတ်နစ်နေကာ လယ်ထွန်စက်များဖြင့် ဆွဲထုတ်နေရသည်ဟုဆိုသည်။

 

“ကားငယ်တွေ သာစည်နဲ့ ညောင်ပင်သာရွာကြားထဲမှာ ပိတ်မိနေတာ အများကြီးရှိနေတယ်။ လယ်ထွန်စက်တွေနဲ့ ဆွဲထုတ်လို့ရတဲ့ကားတွေလည်း ဆွဲထုတ်ပေးနေတယ် အချို့ကားကြီးတွေလည်း ပွတ်ထဲနစ်နေလို့ လမ်းတွေလည်း ပိတ်နေတယ်။ မိုးရွာနေတုန်းမို့ ဒီရက်ပိုင်းအတွင်းတော့ ဒီလမ်းကို လာမယ်ဆိုရင် သေချာစုံစမ်းပြီးမှပဲ လာစေချင်တယ်။”ဟု ကျောက်မဲ-တောင်ကြီး ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

 

ကျောက်ဂူ-သာစည်-အထက်ရဲရွာလမ်းပိတ်ဆို့နေမှုကြောင့် တောင်ကြီး-ကျောက်မဲ-သီပေါ ခရီးသွားလာရန် ခက်ခဲစေခြင်းဖြစ်သည်။