နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကိုးကန့်ဒေသအားလုံးကို ပြန်လည်သိမ်းယူနိုင်တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့ အဖြစ် သတ်မှတ် ကိုးကန့်အထူးဒေသ−၁ ကို မြို့တော် ၁ခု၊ ခရိုင် ၄ ခုနဲ့ ဖွဲ့စည်းသွားမည်

ကိုးကန့်ဒေသအားလုံးကို ပြန်လည်သိမ်းယူနိုင်တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့ အဖြစ် သတ်မှတ် ကိုးကန့်အထူးဒေသ−၁ ကို မြို့တော် ၁ခု၊ ခရိုင် ၄ ခုနဲ့ ဖွဲ့စည်းသွားမည်

Hsan Loi Editor
07/01/2026
Share:
ကိုးကန့်ဒေသတစ်ခုလုံး ပြန်လည်သိမ်းပိုက်နိုင်ဖို့ လက်ကျန်တပ်စခန်းတစ်ခုဖြစ်တဲ့ နန်ထင်မိန်တောင် စခန်းကုန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာကြောင့် အဲ့ဒီနေ့ကို အမှတ်ရစေဖို့ဆိုပြီး ပြန်လည်ထူထောင်ရေးနေ့အဖြစ် အထူးဒေသအုပ်ချုပ်ရေး ကော်မတီက တရားဝင် သတ်မှတ်ခဲ့တယ်လို့ MNDAA က ယနေ့မှာ ထုတ်ပြန်ထားပါတယ်။
May be an image of text
အဲ့ဒီတိုက်ပွဲအတွင်းမှာ လောက်ကိုင်မြို့၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒစက) ဗိုလ်မှူးချုပ် ၆ ဦး၊ အရာရှိ ၂၂၈ ဦး အပါအဝင် ရဲဘော်နဲ့အခြားအဆင့် ၂၀၀၀ ခန့်က ကိုးကန့်တပ်ထံ လက်နက်ချ အညံ့ခံခဲ့တာ ဖြစ်ပြီး သျှမ်းမြောက် အထူးဒေသ−၁ ဖြစ်တဲ့ ကိုးကန့်ဒေသအားလုံးကို ၁၄ နှစ်အကြာမှာ ပြန်လည်သိမ်းယူ နိုင်ခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။
May be an image of text
ဒီမိုကရေစီတော်လှန်ရေးခရီးလမ်းမှာ အသက်ပေးခဲ့ကြတဲ့ အာဇာနည်တွေကို ဂုဏ်ပြုဖို့၊ ရန်သူကို မကြောက်ရွံ့ဖို့နဲ့ ပိုကောင်းတဲ့အနာဂတ်အတွက် ရဲဝင့်စွာထမ်းဆောင်သွားဖို့ဆိုပြီး ရည်ရွယ်ကာ အထူးဒေသ−၁ ရှိ ဒေသအနှံ့မှာ ပြန်လည်ထူထောင်ရေးနေ့ အထိမ်းအမှတ်ပွဲတွေ ကျင်းပတယ်လို့ ဆိုပါတယ်။
May be an image of one or more people
လက်ရှိအချိန်မှာ အထူးဒေသနယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး တစ်ယောက်မျှမရှိတော့ဘဲ ကိုးကန့်ဒေသနဲ့ မုံးကိုးခရိုင်ရဲ့ သမိုင်းဝင်နယ်မြေတွေကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို သိန္နီနဲ့ ကွတ်ခိုင်ဒေသတွေပါ ဆက်တိုက်လွတ်မြောက်လာခဲ့ပြီး အထူးဒေသ−၁ ကို မြို့တော် ၁ ခု၊ ခရိုင် ၄ ခု ပါဝင်တဲ့ ဖွဲ့စည်းပုံနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍသစ်သို့ ခြေလှမ်းစတင်နိုင်ခဲ့တယ်လို့ The Kokang က ရေးသားဖော်ပြထားပါတယ်။May be an image of one or more people and textNo photo description available.