နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကိုးကန့်ဒေသတွင် စစ်ကောင်စီ​၏ စစ်အုပ်ချုပ်ရေးအမိန့်အား MNDAA က ပယ်ဖျက်ကြောင်း ကြေညာ

ကိုးကန့်ဒေသတွင် စစ်ကောင်စီ​၏ စစ်အုပ်ချုပ်ရေးအမိန့်အား MNDAA က ပယ်ဖျက်ကြောင်း ကြေညာ

Hsan Loi Editor
15/01/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ရရှိထားသော မြို့နယ်များ၌ စစ်ကောင်စီထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးနှင့် ဥပဒေများအား ပယ်ဖျက်ကြောင်း MNDAA မှ ယမန်နေ့(၁၄.၁.၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

MNDAA ဥက္ကဋ္ဌ ဦးဖုန်တာရွှင်က ဇန်နဝါရီလ(၂) ရက်နေ့တွင် ၎င်းတို့သိမ်းပိုက်ထားသော သျှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်များအား သျှမ်းပြည်နယ် အထူးဒေသ(၁)အဖြစ် ထူထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။

ယခုအခါ အဆိုပါဒေသများတွင် MNDAA ​က အထူးဒေသ(၁) မူလဥပဒေနှင့်နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးသွားတော့မည်ဖြစ်သည်။