နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကိုးကန့်တပ်များ လားရှိုးမြို့မှ ပြန်ဆုတ်ခွာရမယ်ဆိုတဲ့ သတင်း တရုတ်က ပြောလာခြင်းမရှိဘူးလို့ သိရ

ကိုးကန့်တပ်များ လားရှိုးမြို့မှ ပြန်ဆုတ်ခွာရမယ်ဆိုတဲ့ သတင်း တရုတ်က ပြောလာခြင်းမရှိဘူးလို့ သိရ

Hsan Loi Editor
31/01/2025
Share:

 

ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုရှယ်မီဒီယာမှာ လူပြောများနေတဲ့ ကိုးကန့်တပ်များ လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာရမယ်ဆိုတဲ့သတင်းကို တရုတ်ဘက်က ပြောလာခြင်း မရှိဘူးလို့ စုံစမ်းသိရပါတယ်။

 

Myanmar Now သတင်းမီဒီယာ မှာ “ကိုးကန့်တပ်များ လားရှိုးမှ အသုတ်လိုက်ဆုတ်ခွာမည်“ ဆိုတဲ့ ခေါင်းစဥ်နဲ့ ဖော်ပြထားတဲ့ သတင်းနဲ့ပတ်သက်ပြီး ဖြေကြားထားတာ မရှိသလို ယခုချိန်ထိလည်း ပြန်ဆုတ်ရမယ်ဆိုပြီး ပြောလာခြင်းမရှိဘူးလို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေး တာဝန်ရှိသူတစ်ဦး က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မနေ့က ရေးသားဖော်ပြထားပါတယ်။

 

လားရှိုးမြို့ပြန်လည်ထူထောင်ရေးနာမည်သုံးပြီး သတင်းဌာနများကို ပြည်သူတွေအတွက် သတင်းအမှား မပေးကြဖို့လည်း ပြောထားပါတယ်။

 

အခုရက်ပိုင်းက တရုတ်ကိုယ်စားလှယ်တစ်ဦးမှ ကိုးကန့်တပ်တွေ လားရှိုးကနေ ပြန်ဆုတ်ရမယ် လို့ စင်ပေါ်မှာတက်ပြောနေတဲ့ ရုပ်သံဖိုင် ပြန်နှံ့နေပြီး အဆိုပါ ရုပ်သံဖိုင်သည် တာမိုးညဲမှာ ကျင်းပပြု လုပ်တဲ့ နှစ်သစ်ကူးပွဲအခမ်းအနားတစ်ခုဖြစ်ပြီး ပြောဆိုသူဟာလည်း မည်သူမည်ဝါဖြစ်ကြောင်းသိရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

 

ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေတဲ့ သတင်းနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA)ဘက်ကတော့ တစ်စုံ တစ်ရာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

 

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ကိုးကန့်တပ်မတော်(MNDAA)နဲ့စစ်ကောင်စီတို့အကြား တရားဝင်အပစ်အခတ်ရပ်စဲလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း က ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၈)ရက်မှာ ထုတ်ဖော်ကြေညာခဲ့တာပါ။

 

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ အထူးဒေသ(၁) လားရှိုးမြို့မှာတော့ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ နွေဦးအားကစားပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့ရှိနေပြီး Table tennis၊ Badminton၊ Micro marathon၊ Sepak takraw၊ Futsal စတဲ့ အားကစားနည်း (၅)မျိုး ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။