နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကလေး-တမူးလမ်းပေါ်ရှိ ဘုက္ကန်ရဲကင်းကို NLA ဝင်တိုက် လက်နက် ၁၅ လက် သိမ်းဆည်းနိုင်ခဲ့ဟုတို

ကလေး-တမူးလမ်းပေါ်ရှိ ဘုက္ကန်ရဲကင်းကို NLA ဝင်တိုက် လက်နက် ၁၅ လက် သိမ်းဆည်းနိုင်ခဲ့ဟုတို

Hsan Loi Editor
25/03/2023
Share:

 

ယနေ့ မတ်လ (၂၄) ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေး-တမူးလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဘုက္ကန်ရဲကင်းကို တမူးအခြေစိုက် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (NLA) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်၁၅လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တမူးအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NLA)က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုသည် ၄၅ မိနစ်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာထွက်ပြေးသွားခြင်းကြောင့် လက်နက်နှင့်ခဲယမ်းများသိမ်းဆည်းရမိခြင်းဖြစ်သည်ဟု NLAကဆိုသည်။

အဆိုပါရဲစခန်းက တမူးမြို့နှင့် ၁၈မိုင်အကွာတွင်ရှိပြီး တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က စစ်ကောင်စီရဲတပ်သားများကို ကူညီပေးခြင်းမရှိကြောင်းလည်းဆိုသည်။

အဆိုပါရဲစခန်းတွင် လက်နက်ငယ် ၁၅လက် အပါအဝင် ကျည်မျိုးစုံ ၂၀၀၀ကျော်၊ ကျည်ဘောက်၊ရှေ့ထွက်မိုင်း၊ လက်ပစ်ဗုံးနှင့် စကားပြောစက်များအပါအဝင် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိပြီး တိုက်ပွဲတွင် နှစ်ဖက်ကျဆုံးသေဆုံးမှုမရှိကြောင်း သတင်းရရှိသည်။

photo credit & original uploaded