နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နယ်စပ်တိုက်ပွဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်စဉ် ထိုင်းတိုက်လေယာဉ်များလည်း ကင်းလှည့်ပျံဝဲ

ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နယ်စပ်တိုက်ပွဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်စဉ် ထိုင်းတိုက်လေယာဉ်များလည်း ကင်းလှည့်ပျံဝဲ

Hsan Loi Editor
16/06/2023
Share:

 

ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ် နှင့် ကရင်နီပြည်နယ် နယ်စပ်တိုက်ပွဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုင်း တိုက်လေယာဉ် T-50 အမျိုးအစား ၂စီးဖြင့် တိုက်ပွဲဖြစ်ပွားရာအနီးတဝိုက် မယ်ဟောင်ဆောင်ခရိုင် စုပ်မွေး ၊ မယ့်စလိန်း၊ မဲဆောက်၊ ထါ့ဆောင်ယမ်း၊ ဖုတ်ဖရတဝိုက် ကင်းလှည့်ပျံသန်းမှု တန်ပြန်ပြုလုပ်ခဲ့ကြောင်း မဲဆောက်သတင်းကဖော်ပြထားသည်။

 

မယ်ဟောင်ဆောင်ခရိုင် မယ့်စလိန်း တမ်ဘွန်းဆောဟင် ဟွေ့ပူနယ်မြေထဲသို့ ထွက်ပြေးဝင်ရောက်လာသည့် ကယားစစ်ဘေးရှောင် ၃၀၃၄ ဦး၊ ခွန်ယုံးမ်မြို့နယ်၊ တမ်ဘွန်းမယ့်ကီ့ ဘန့်ဖခေ့/ဖထိုးနယ်မြေထဲ့သို့ ၃၀၈ ဦး ဝင်ရောက်လာသည်ကြောင်း သိရသည်။

 

ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် ကရင်နီပြည် မဲ့စယ်ဘက်မှ စစ်ဘေးရှောင် ၂၅၂ ဦး မယ့်ကိ ခွန်ယုံးမ် ဘန့်ဖခေ့/ဖထိုးသို့ ထပ်မံ ဝင်ရောက်လာသည်ဟုသိရသည်။

 

ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင်လည်း ထိုင်းနယ်စပ် မဲဆောက်မြို့၌ တရုတ်-ထိုင်း-မြန်မာ အာဏာပိုင်များ သုံးပွင့်ဆိုင် အစည်းအဝေးတရပ်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးကိစ္စရပ်ကို အဓိကထား ဆွေးနွေးခဲ့သည်ဟု သိရသည်။

 

Photo: Royal Thai Air Force