နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကရင်နီပြည်တွင် အာဏာသိမ်းကာလအတွင်းအရပ် သားပြည်သူအပါအဝင်တော်လှန်ရေးရဲဘော် စုစု ပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ကောင်စီ ဖက်မှ ၂၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း PKPF ထုတ်ပြန်

ကရင်နီပြည်တွင် အာဏာသိမ်းကာလအတွင်းအရပ် သားပြည်သူအပါအဝင်တော်လှန်ရေးရဲဘော် စုစု ပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ကောင်စီ ဖက်မှ ၂၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း PKPF ထုတ်ပြန်

Hsan Loi Editor
02/05/2023
Share:

 

စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း ကရင်နီ (ကယား)ပြည်နယ်တွင် အရပ်သားပြည်သူသတ် ဖြတ်ခံရမှု (၃၁၈) ဦး၊ စစ်ရှောင်သေဆုံးသူ ( ၁၃၄ ) ဦး နှင့် တော်လှန် ရေးရဲဘော် ၂၅၉ ဦး စုစုပေါင်း (၇၁၁) ဦး ကျဆုံးခဲ့ကြောင်းတိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ( Progressive Karenni People Force) က မတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည် ။

 

ထို့အပြင်ကရင်နီပြည်ကိုစစ်ကောင်စီလေကြောင်း တိုက်ခိုက် မှုအကြိမ် (၃၆၃) ကြိမ်အထိ ရှိခဲ့ပြီး လူနေအိမ်နှင့် ဘာသာရေး အဆောက်အဦး စုစုပေါင်း (၁၅၃၁ )လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည် ။

 

အာဏာသိမ်း ကာလအတွင်း ကရင်နီ ပြည်သူ့ကာကွယ် ရေး တပ်များ၊ ပူးပေါင်း မဟာမိတ်တော် လှန်ရေးတပ် ဖွဲ့များ နှင့်စစ်ကောင်စီတပ်တို့အကြား ပြင်းထန် တိုက်ပွဲပေါင်း (၆၆၃)ကြိမ်အထိ ဖြစ်ပွားခဲ့ကာတော်လှန် ရေးရဲဘော် (၂၅၉) ဦးအထိ ကျဆုံးခဲ့ရပြီး လက်ရှိအချိန်အထိ မတရားဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အရပ် သား ပြည်သူမှာလည်း (၂၇၉) ဦးရှိကြောင်း ထုတ်ပြန်ထားသည် ။

 

၄င်းတိုက်ပွဲကာလတွင် စစ်ကောင်စီတပ်သားဘက်မှ လည်း စုစုပေါင်း (၁၉၉၅ )ဦးအထိ သေဆုံးခဲ့ပြီး စစ်ယာဥ်တန်း (၆၁) စီး ပျက်စီးသွားကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည် ။

 

အထက်ပါ အချက်အလက်များသည် စစ်ကောင်စီ အာ ဏာစသိမ်းသည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ )ရက်နေ့မှ ၂၀၂၃ခုနှစ် ဧပြီလ( ၃၀ )ရက်နေ့အထိ ကရင်နီပြည်၏ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းနှင့် ပတ်သက်၍ PKPF ကထုတ်ပြန်ထားခြင်းဖြစ်သည် ။

 

အဆိုပါတိုက်ပွဲ များကြောင့်ကရင်နီ(ကယား)ပြည်က လူဦးရေ ထက်ဝက်ကျော်ခန့်သည် စစ်ဘေးဒုက္ခသည် စခန်းများတွင် တိမ်းရှောင်နေရပြီး လတ် တလောနွေရာ သီကာလဖြစ်သောကြောင့်ရေရှား ပါးမှုပြဿနာနှင့်အဓိကရင်ဆိုင်နေရသည့်အပြင် ဆေးရုံ ၊ ဆေးပေးခန်းများကို လည်း စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အများအ ပြား ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည် ။