နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကယ်ဆယ်ရေးအဖွဲ့တွေ တူရကီကိုရောက်သွားကြပြီ

ကယ်ဆယ်ရေးအဖွဲ့တွေ တူရကီကိုရောက်သွားကြပြီ

Hsan Loi Editor
11/02/2023
Share:

 

အဖွဲ့ဝင် ၄၂ ဦးပါတဲ့ ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့ဟာ ခွေးကလေး ၂ ကောင်နဲ့အတူ တူရကီက နိုင်ငံတကာလေဆိပ် Adana ကို မနေ့ ညနေက ရောက်ရှိသွားကြပြီလို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

 

ဆီးရီးယားဒုက္ခသည်တွေ အများစုနေကြတဲ့ တူရကီနိုင်ငံရဲ့ ဗဟိုနဲ့ ထိစပ်တဲ့ ဆီးရီးယားမြောက်ပိုင်းမှာ တနင်္လာနေ့က ၇.၈ ပမာဏ ငလျှင်လှုပ်သွားခဲ့ပြီး လူပေါင်း ၂ သောင်း ၁ ထောင်ကျော်သေဆုံးသွားခဲ့တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အလျှင်စလို လိုအပ်နေတဲ့ Hatay မြို့ကို သွားရောက်ကူညီဖို့ဖြစ်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၈၅ သန်း၊ ကမ္ဘာ့ဘဏ်က ၁.၇၈ ဘီလျံဒေါ်လာ၊ တူရကီနဲ့နိုင်ငံရေးတင်းမာနေတဲ့ ဂရိနိုင်ငံက တန် ၈၀ ပမာဏ အိပ်ယာ၊ ယာယီတဲ၊ အသုံးဆောင် ပစ္စည်းတွေနဲ့ ယူကေကလည်း လိုအပ်တဲ့ အရေးပေါ်လိုအပ်ချက်တွေကို ကူညီမယ်လို့ ဂျာမန်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

 

Photos: AP, VOA