နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကယားပြည်နယ် လွိုင်ကော် – စံပြ (၆) မိုင်-ဒေါတမကြီး-ဘောလခဲလမ်းအား ဒီဇင်ဘာလ (၂၅) ရက်နေ့က စတင်ပြီး ပိတ်ထားမည်ဟုဆို

ကယားပြည်နယ် လွိုင်ကော် – စံပြ (၆) မိုင်-ဒေါတမကြီး-ဘောလခဲလမ်းအား ဒီဇင်ဘာလ (၂၅) ရက်နေ့က စတင်ပြီး ပိတ်ထားမည်ဟုဆို

Hsan Loi Editor
25/12/2022
Share:

 

ကယားပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် လွိုင်ကော်-စံပြ (၆) မိုင်-ဒေါတမကြီး-ဘောလခဲလမ်းပိုင်းအား ဒီဇင်ဘာလ (၂၅) ရက်နေ့ ယနေ့မှ စတင်ပြီး ခရီးသွားလာခြင်းအား ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဒီးမော့ဆို့မြို့နယ် အုပ်ချုပ်ရေးကော်မတီမှ ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

 

လမ်းပြန်ဖွင့်မည့်ရက်ကို ပြန်လည်အသိပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူလူထုများအနေဖြင့် ကြေညာချက်ထပ်မံမထုတ်မချင်း ခရီးသွားလာခြင်း မပြုကြရန် နှင့် လမ်းပိတ်ထားစဉ်ကာလအတွင်း စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်သုံးဆီ စေ◌ျးနှုန်းများအား တိုးမြှင့်ရောင်းချခြင်းများ မပြုကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/