နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကမ္ဘောဒီးယား နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရပ်ဆိုင်းရန် ထိုင်းအစိုးရကြေညာ

ကမ္ဘောဒီးယား နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရပ်ဆိုင်းရန် ထိုင်းအစိုးရကြေညာ

Hsan Loi Editor
12/11/2025
Share:
ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်တွင် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက နှစ်နိုင်ငံတိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လူ ၄၃ ယောက်ခန့် သေဆုံးခဲ့ကာ အရပ်သားပြည်သူ သုံးသိန်းကျော် အိုးအိမ်စွန့်ခွာမှုဖြစ်စဉ် ဖြစ်ပွား ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် အာဆီယံနိုင်ငံအဖွဲ့အစည်းများ၏ စေ့စပ်ညှိနှိုင်းမှု များကြောင့် နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူညီချက် ကို ပြီးခဲ့တဲ့ အောက်တိုဘာလမှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
ယမန်နေ့တွင် ဖြစ်ပွားခဲ့တဲ့ နယ်စပ်ရှိ ဆီစကတ်ခရိုင်ထဲ မြေမြှပ်မိုင်းပေါက်ကွဲမှု ကိစ္စရပ်ကြောင့် ထိုင်းစစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုင်းအစိုးရက အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် အကောင်အထည်မှုကို ယာယီရပ်ဆိုင်းကြောင်း ကြေညာလိုက်တယ်လို့ သိရပါတယ်။May be an image of ‎coral snake and ‎text that says '‎ما‎'‎‎
ဒီဖြစ်စဉ်ဟာ ဆီစကတ်ခရိုင်ထဲ ကမ္ဘောဒီးယားဘက်က ထောင်ထားတဲ့မိုင်းဟု ထိုင်းနိုင်ငံဘက်က ပြောဆိုထားပြီး ပေါက်ကွဲမှုကြောင့် စစ်သားတစ်ယောက် ခြေထောက်ပြင်းထန်ဒဏ်ရာရရှိကာ နောက်တစ်ယောက်မှာ အပေါ်ယံဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက် နောက်ဆက်တွဲလုပ်ဆောင်မှုများ ယာယီရပ်ဆိုင်းခြင်း အပါအဝင် ထိုင်းဘက်က ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက် ပြန်လွှတ်ပေးဖို့ စီစဥ်ထားတာကိုလည်း တစ်စိတ်တပိုင်းအဖြစ် ပါဝင်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် နယ်စပ်မှာ လုံခြုံရေးခြိမ်းခြောက်မှု လျော့နည်းသွားပြီလို့ ထင်ရပေမယ့် တကယ်တမ်းမှာ လျော့ကျသွားခြင်းမရှိဘဲ ကမ္ဘောဒီးယားစစ်တပ်ဘက်က မြေမြှပ်မိုင်းအသစ်တွေ ဆက်လက် ထောင်ထားဆဲ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ပြောဆိုထားပြီး ကမ္ဘောဒီးယားနိုင်ငံ ဘက်ကတော့ ၎င်းစွပ်စွဲချက်တွေကို ပယ်ချထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ပူးတွဲကြေညာထုတ်ပြန်လာတဲ့ နှစ်နိုင်ငံနယ်စပ် ငြိမ်းချမ်းရေး သဘောတူညီချက်ထဲတွင် နယ်စပ်တလျှောက် ထောင်ထားတဲ့ မြေမြှပ်မိုင်းများ ရှင်းလင်း ဖယ်ရှားရေး၊ လက်နက်ကြီး ရုပ်သိမ်းရေးအပါအဝင် အာဆီယံက ဖွဲ့စည်းပေးထားတဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး အဖွဲ့တွေကို ဝင်ရောက်ခွင့်ပြုရမယ်လို့ ပါရှိပါတယ်။