နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကမ္ဘာ့အခမ်းနားဆုံး အကြီးကျယ်ဆုံးဘောလုံးသမားတစ်ဦးဖြစ်သည့် ဘရာဇီးလ် ဂန္တဝင်ဘောလုံးကစားသမားကြီး ပီလီ အသက် (၈၂) နှစ်တွင် ကွယ်လွန်

ကမ္ဘာ့အခမ်းနားဆုံး အကြီးကျယ်ဆုံးဘောလုံးသမားတစ်ဦးဖြစ်သည့် ဘရာဇီးလ် ဂန္တဝင်ဘောလုံးကစားသမားကြီး ပီလီ အသက် (၈၂) နှစ်တွင် ကွယ်လွန်

Hsan Loi Editor
30/12/2022
Share:

 

ဘောလုံးလောက၏ ပုံရိပ်တစ်ဦးအဖြစ် အားကစားချစ်မြတ်နိုးသူတိုင်း သတ်မှတ်ထားသည့် ဘောလုံးကစားသမားဟောင်း ပီလီ ဒီဇင်ဘာလ (၂၉) ရက်နေ့ ဘရာဇီးလ်နိုင်ငံ စံတော်ချိန် ညနေ (၃း၂၇) မိနစ်တွင် ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လို အယ်ဘတ် အိန်းစတိန်း ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ဝမ်းနည်းဖွယ် သိရသည်။

ပီလီသည် ယခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက ဆေးရုံတက်ခဲ့ရပြီး ကျောက်ကပ်နှင့် ဆီးကျိတ်ရောဂါ ခံစားခဲ့ရပြီး အူမကြီးကင်ဆာလည်း ခံစားခဲ့ရကြောင်း သိရသည်။

ပီလီသည် ကမ္ဘာ့ဖလားကို အသက်အငယ်ဆုံးကစားသမားအဖြစ် ၎င်းအသက် (၁၇) နှစ်အရွယ် ၁၉၅၈ ခုနှစ်တွင် ရရှိခဲ့ပြီး ၁၉၆၂ ခုနှစ်နှင့် ၁၉၇၀ ခုနှစ်တွင်လည်း ကမ္ဘာ့ဖလားကို ထပ်မံရရှိခဲ့ပြီး ကမ္ဘာ့ဖလား ချန်ပီယံ (၃) ကြိမ်အထိ ရရှိခဲ့သည့် တစ်ဦးတည်းသော ဘောလုံးသမားဖြစ်သည်။

ပီလီ၏ ဘောလုံးကစားသမားသက်တမ်း (၂၁) နှစ်အတွင်း –
ပွဲပေါင်း (၁၃၆၃) ပွဲ ကစားခဲ့
ဂိုးပေါင်း (၁၂၈၁) ဂိုး သွင်းယူနိုင်ခဲ့
အဲ့ဒီအထဲတွင် ဘရာဇီးလ်နိုင်ငံအသင်းအတွက် (၉၂) ပွဲကစား သွင်းဂိုး (၇၇) ဂိုးအထိ ရရှိခဲ့
ပီလီ ကွယ်လွန်သွားခြင်းကြောင့် ကမ္ဘာ့ထိပ်သီးနိုင်ငံခေါင်းဆောင်များအပါအဝင် ဘောလုံးလောကမှ ကစားသမားများ နည်းပြများမှ ဝမ်းနည်းကြောင်း အသီးသီး ထုတ်ပြန်လျက်ရှိသည်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/