ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ဆောင်းဦးကတည်းက လမ်းဘေးနေ လမ်းဘေးစား အိမ်ခြေရာမဲ့များ သေဆုံးမှု မကြာခဏ ဖြစ်ပေါ်ခဲ့ပြီး (၂) လအတွင်း (၁၅) ဦးကျော် သေဆုံးနေပြီဖြစ်သည်။
ယမန်နေ့ ဒီဇင်ဘာလ(၆)ရက်က နံနက်(၉း၂၃) အချိန်တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၁၂)၊ နယ်မြေ (၁၉) ၊ သီတာလမ်း တံတားဘေးတွင် အမျိုးသားတစ်ဦး သေဆုံးနေသည့် ရုပ်အလောင်း ထပ်မံတွေ့ရှိခဲ့သည်။ သေဆုံးနေသော အမျိုးသားသည် အဆိုပါတံတားအနီးတွင် မှီခိုအိပ်နေသော အိမ်ခြေရာမဲ့တစ်ဦးဖြစ်ပြီး ဆောင်းဝင်လာကတည်းက ဖြစ်ပွားခဲ့သော အအေးပတ်ပြီး သေဆုံးနေဟန် ရှိကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ထံ သိရသည်။
အလားတူ ဒီဇင်ဘာလ (၂) ရက်နေ့ကလည်း လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စု၊ ဟူးမွန်ဆည်သွား လမ်း၊ မဂ္ဂင်တောရကျောင်း မုခ်ဦးအကျော်ရှိ လျှိုအတွင်း၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ထူးခြားချက်အနေဖြင့် ပိုင်ရှင်မဲ့ အလောင်းများ အားလုံးသည် အမျိုးသားများဖြစ်ကြပြီး ယနေ့အထိ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/