ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ သိကျိတ်ကျေးရွာမှာ ၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ငွေရတုအထိမ်းအမှတ်အခမ်းအနားပွဲကျင်းပပြုလုပ်နေစဉ် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ နှစ်ဉီးဒဏ်ရာရရှိခဲ့ကာ နေအိမ်သုံးလုံး ပျက်စီးသွားခဲ့ကြောင်းသိရသည်။
ဧပြီလ ၁၀ ရက် ယမန်နေ့ ည ၁၂ နာရီဝန်းကျင်ခန့်အချိန်တွင် စစ်ကောင်စီက ကယန်းအမျိုးသားနေ့ပြုလုပ်နေသည့် ကွင်းပြင်အနီးကို ပေါင် ၂၀၀ ဗုံး နှစ်လုံးကြဲချခဲ့တာကြောင့် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်သုံးလုံးပျက်စီးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော ကယန်းအမျိုး သားနေ့မှာ အနယ်နယ်အရပ်ရပ်က ပြည်သူ ၁ သောင်း ဝန်းကျင်ခန့်တက်ရောက်ခဲ့တာဖြစ်ပါသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီက ဖယ်ခုံမြို့နယ်ရှိ ပီကင်းကော်ခူကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ဉီးခန့်သေဆုံးခဲ့သည်။
စစ်ကောင်စီသည် ဧပြီလ(၂) ရက်နေ့မှ (၂၂) ရက်နေ့အထိ အပစ်ရပ်ကြေညာခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာတွေကို လေကြောင်းဖြင့်
ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေကြောင်း သိရပါသည်။