ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
လီယိုမက်ဆီ ဦးဆောင်လာသည့် အာဂျင်တီးနား ဘောလုံးအသင်းသည် ဟော်လန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အာဂျင်တီးနားအသင်းသည် (၁၆) သင်းအဆင့်တွင် ဩစတျေးလျအသင်းကို (၂-၁) ဂိုးဖြင့် ရင်ဆိုင်ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဟော်လန်အသင်းကတော့ အမေရိကန်အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို တက်ရောက်လာခြင်းဖြစ်သည်။ ၎င်းတို့ (၂) သင်း ယှဉ်ပြိုင်မှုများကို ဒီဇင်ဘာလ(၁၀) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁း၃၀) နာရီတွင် ကစားသွားကြမည်ဖြစ်သည်။
အလားတူ ယခုနှစ် ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် ရေပန်းအစားအဆုံးအသင်းတစ်သင်းဖြစ်သည့် ဘရာဇီးလ် ဘောလုံးအသင်းသည် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားတွင် ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့သည့် ခရိုအေးရှားအသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ ဘရာဇီးလ်အသင်းအတွက် အားသာချက်အနေဖြင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည် နေမာ ပြန်လည်ပါဝင်လာမည်ဖြစ်ပြီး ဘရာဇီးလ်နှင့်ခရိုအေးရှားပွဲစဉ်ကို ဒီဇင်ဘာလ (၉) ရက်နေ့ မြန်မာစံတော်ချိန် ည (၉း၃၀) နာရီတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
နာမည်ကြီး စပိန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ရယူပြီး ကျော်ဖြတ်နိုင်ခဲ့သည့် မော်ရိုကို ဘောလုံးအသင်းသည် ပွဲစဉ်တစ်လျောက် အကောင်းဆုံး တိုက်စစ်အစွမ်းပြလျက်ရှိသည့် စီရိုနယ်လ်ဒို၏ ပေါ်တူဂီအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ (၁၆) သင်းရှုံးထွက်အဆင့်တွင် ပေါ်တူဂီအသင်းသည် ဆွစ်ဇာလန်အသင်းကို (၆-၁) ဂိုး ဖြင့် ပြတ်သားစွာ ကျော်ဖြတ်လာသည့် အသင်းဖြစ်ပြီး အကောင်းဆုံးတိုက်စစ်အသင်းအဖြစ် သက်သေပြထားလျက်ရှိသည်။ အကောင်းဆုံး ခံစစ်အသင်းတစ်သင်းနှင့်အကောင်းဆုံးတိုက်စစ်အသင်း စီးဆင်းထိုးမည့် မော်ရိုကိုနှင့်ပေါ်တူဂီပွဲစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့ မြန်မာစံတော်ချိန် ည (၉း၃၀) တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
လက်ရှိချန်ပီယံအသင်းဖြစ်သည့် ပြင်သစ်ဘောလုံးအသင်းကတော့ ယခုနှစ်ကမ္ဘာ့ဖလားပွဲစဉ်တွင် ရှုံးပွဲလုံးဝမရှိသေးသည့် အင်္ဂလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပခါနီးမှ နာမည်ကြီး ကစားသမားများဖြစ်ကြသည့် ဘန်ဇီမာ၊ ပေါ့ဘာ၊ ကန်တီ တို့လို အသင်း၏ ဒေါက်တိုင်ကစားသမားများ ဒဏ်ရာရရှိခဲ့သည့် ပြင်သစ်အသင်းသည် အင်အားနည်းသွားမည်ဟု ဘောလုံးကျွမ်းကျင်ပညာရှင်များက သုံးသပ်ခဲ့သော်လည်း ကမ္ဘာ့ဖလားတွင် လက်ရှိချန်ပီယံဆိုသည့် ဂုဏ်ပုဒ်အတိုင်း အစွမ်းပြလျက်ရှိသည်။ တစ်ဖက်တွင် ယူရို ၂၀၂၀ တွင် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည့် အင်္ဂလန်အသင်းသည်လည်း ယခုနှစ်ကမ္ဘာ့ဖလားတွင် ရှုံးပွဲကြုံတွေ့ခြင်း မရှိသေးပါ။ ပြင်သစ်အသင်းနှင့်အင်္ဂလန်အသင်းတို့ ရင်ဆိုင်ကြမည့် ပွဲစဉ်ကို ဒီဇင်ဘာလ (၁၁) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁း၃၀) တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အုပ်စုပွဲစတင်ကတည်းက ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်ပေးလျက်ရှိသည့် ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်ကို ဘယ်အသင်းတွေ တက်ရောက်သွားနိုင်မလဲ ဆိုတာကိုတော့………