ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့ (၁၁၁၁) စစ်ဆင်ရေးတွင် ကယားပြည်နယ်(ကရင်နီ) ၌ KNDF ပူးပေါင်းအဖွဲ့က စုပေါင်းဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်း (၇) ခုအထိ သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။
ဒါ့အပြင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကိုလည်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ပြီး လေယာဉ်မှူး(၂) ဦးလည်း အရေးပေါ်လေထီးဖွင့်ပြီး ထွက်ပြေးခဲ့ရသည်ဟု သိရသည်။
KNDF ပူးပေါင်းအဖွဲ့က ပစ်ချနိုင်ခဲ့သော စစ်ကောင်စီ၏ တိုက်လေယာဉ်အပျက်အစီးအား ယနေ့တွင် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ရှာဖွေတွေ့ရှိနိုင်ခဲ့ကြောင်း NUGက ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ကြောင်း သတင်းရရှိသည်။