ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့ရက်မှာ နမ့်ခမ်းမြို့နဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက် (၄)ဦးထိခိုက်ဒဏ်ရာရ

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့ရက်မှာ နမ့်ခမ်းမြို့နဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက် (၄)ဦးထိခိုက်ဒဏ်ရာရ

Hsan Loi Editor
27/10/2024
Share:

 

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့ရက် ယနေ့နံနက်ပိုင်းက နမ့်ခမ်းမြို့နှင့် လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ပြည်သူ(၄)ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

 

TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်းကို စစ်ကောင်စီက ယ‌နေ့ အောက်တိုဘာလ(၂၇) ရက် နံနက် (၇)နာရီခွဲခန့်တွင် လေကြောင်းဖြင့် (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်သွားရာ ထိခိုက်မှု တစ်စုံ တစ်ရာ ရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ်မှသိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ(၆)ရက်‌နေ့ ကလည်း နမ့်ခမ်းမြို့‌ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်ကလေးငယ်အချို့အပါအဝင် ဒေသခံ(၁၁)ဦး သေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့ပါသည်။

 

အလားတူ ကိုးကန့် အထူးဒေသ(၁)၊ လောက်ကိုင်မြို့မှာ ယနေ့နံနက်အစောပိုင်းက စွမ်းဖုန်ချိန် (Shuang feng cheng) ဧရိယာကို စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံး(၃)လုံးထက်မနည်း ကြဲချခဲ့ပြီး ဟိုတယ်အဆောက်အအုံနှင့် နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါသည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂၇)ရက်မှာ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် တော်လှန်ရေးအင်အားစုတို့က သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းနယ်မြေများအား စစ်ကောင်စီမှ ပြန်လည် ထိန်းချုပ်ရယူနိုင်ရန် လေကြောင်းဖြင့် နေ့စဉ် ထိုးစစ်ဆင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့ပြည်သူအများအပြား သေဆုံးပြီး နေအိမ်အဆောက်အဦးများစွာ ထိခိုက်ပျက်စီးကြောင်း သတင်းရရှိပါသည်။