နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ ပေကျင်းမှာတွေ့ဆုံ

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ ပေကျင်းမှာတွေ့ဆုံ

Hsan Loi Editor
16/06/2026
Share:
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ ဒီကနေ့ ဇွန်လ ၁၆ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
May be an image of text
ဦးမင်းအောင်လှိုင် တရုတ်ခရီးစဥ် မစတင်ခင် ရက်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ယခုခရီးစဥ်မှတဆင့် နှစ်နိုင်ငံကြား ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ရှေ့ဆက်ရန်၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရန်၊ တရုတ်−မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုမှာ နှစ်နိုင်ငံပြည်သူများ ပိုမိုကောင်းမွန်တဲ့ အကျိုးပြုရေးအတွက် တွန်းအား ပေးရန် မျှော်လင့်ကြောင်း ပြောပါတယ်။
May be an image of one or more people and text that says 'Head of State'
တရုတ်သမ္မတ ရှင်ကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ အာဏာသိမ်း သမ္မတ ရဲ့ တရုတ်ခရီးစဥ်ဟာ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဥ်ဖြစ်ပြီး တရုတ်ဝန်ကြီးချုပ်၊ တရုတ်အမျိုးသား ပြည်သူ့ကွန်ကရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌနဲ့ စီးပွားရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်တွေလည်း တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။May be an image of one or more people and text that says 'Hoad แน State'