ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အရေးပေါ်ကယ်ဆယ်ရေးလိုအပ်နေတဲ့ စစ်ကိုင်းမြို့က ပိတ်မိနေသူများကို ကယ်ဆယ်ဖို့ မလေးရှား SMART အဖွဲ့ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းစတင်လုပ်ဆောင်

အရေးပေါ်ကယ်ဆယ်ရေးလိုအပ်နေတဲ့ စစ်ကိုင်းမြို့က ပိတ်မိနေသူများကို ကယ်ဆယ်ဖို့ မလေးရှား SMART အဖွဲ့ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းစတင်လုပ်ဆောင်

Hsan Loi Editor
31/03/2025
Share:

 

စစ်ကိုင်းမြို့မှာ ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူများကို အရေးးပေါ်ကယ်ဆယ်ဖို့ မလေးရှား ကယ်ဆယ် ရေးအဖွဲ့ SMART သည် မြန်မာနိုင်ငံကို ရောက်လာပြီး ၂၄ နာရီအကြာ ယနေ့ မတ်လ ၃၁ရက်မှာ စစ်ကိုင်းမြို့ကို ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ် ဆောင်နေပြီလို့ မလေးရှား SMART က ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူများကို ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးလုပ်နေရပြီး အင်အားမလုံလောက်တာကြောင့် သေဆုံးသူများရဲ့ ရုပ်အလောင်းများ လည်း ဆွဲထုတ်နိုင်တာ မရှိဘဲ အပုပ်နံ့တွေထွက်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

 

သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းမြို့ တခုလုံးနီးပါး ပြိုကျပျက်စီးပြီး အသေအပျောက်များတယ်လို့ သိရပါတယ်။