ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အထက်တန်းပြ ဆရာမတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးမှုနှင့်အတူ နောက်ဆုံးရ ကျောက်မဲမြို့နယ် တိုက်ပွဲသတင်း

အထက်တန်းပြ ဆရာမတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးမှုနှင့်အတူ နောက်ဆုံးရ ကျောက်မဲမြို့နယ် တိုက်ပွဲသတင်း

Hsan Loi Editor
16/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဆက်လက်ဖြစ်ပွားနေသည်။ ကျောက်မဲမြို့ စစ်ကောင်စီ အခြေစိုက် ခလရ ၅၀၁/၅၀၂ ကို TNLA နှင့် တော်လှန်ရေးအင်အားစုများ ယနေ့အထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးပါ။

 

ယမန်နေ့က ကျောက်မဲမြို့ အထက (၁) အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အထက်တန်းဆရာမတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

 

အလားတူ ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာ ဒေသခံပြည်သူနေအိမ်တစ်အိမ်ပေါ်တွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင်(၃)ဦး သေဆုံးခဲ့သည်။

 

ကျောက်မဲမြို့နယ် အထက်ရဲရွာရေအားလျှပ်စစ်အနီးရှိ စစ်ကောင်စီအဖွဲ့ကို ဇူလိုင်လ (၁၄) ရက်နေ့တွင် TNLA နှင့် တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၉) ဦးသေဆုံးခဲ့သည်။

 

ယနေ့ ဇူလိုင်လ (၁၆) ရက်နေ့ ယခုသတင်းဖော်ပြချိန်အထိ ကျောက်မဲမြို့အနှံ့ တိုက်ပွဲသံများ ကြားနေရပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။