ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊သန်း တောင်နှင့် ဘုရားနီကြားတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ကျဆုံးသွားသော ပြည်သူတပ်မှရဲဘော် ၅ ဦး၏ စျာပနအခန်းအနားကို ဇန်နဝါရီ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းက ညီညွတ်သော သျှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု၊ ညီနောင်တပ်ရင်း အမှတ် (၁၀၀၇) တပ်ရင်း (မိုးဗြဲပြည်သူ့ကာ ကွယ်ရေးတပ်-၂ ) နှင့် လက်နက်ကိုင် အင်းပျူစောထီး၊စစ်ကောင်စီ၊ PNO (ပြည်သူ့စစ်) ပူးပေါင်းအဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း လက်နက်ကိုင် အင်းပျူစောထီး၊ စစ်ကောင်စီ၊ PNO (ပြည်သူ့စစ်) ပူးပေါင်းအဖွဲ့တို့ ထိုးစစ်ဆင်ပစ်ခတ်မှုများကြောင့် 1009 တပ်ရင်း ( I.P.D.F) မှ တပ်ရင်းမှူး၊ သင်တန်းမှူး၊ တပ်စိတ်မှူး တို့နှင့် (၁၀၀၇) တပ်ရင်း (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂ ) မှ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့သည်ကို ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၄ ရက်နေ့တွင် အင်းသားပျူစောထီးများမှ 1009 တပ်ရင်း (I.P.D.F) ရဲဘော် ကတုံး သတ်ဖြတ်ခဲ့ခြင်းကြောင့် ရဲဘော် ကတုံး ကျဆုံးခဲ့ရပြီးတော်လှန်ရေး ရဲဘော်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီအပြင် လက်နက်ကိုင် အင်းပျူစောထီး နှင့် PNO (ပြည်သူ့စစ်) များပူးပေါင်းတိုက်ခိုက်ခဲ့ကြသော်လည်း စစ်ကောင်စီဖက်မှ ၃၀ ကျော် သေဆုံးပြီး (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့တွင်1009 တပ်ရင်း (I.P.D.F ) မှ ရက်လည်ဆွမ်းသွတ် နှင့် အသုဘအခမ်းအနားအား ရဲဘော်များ၏ ခန္ဓာမပါဘဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။