နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA က ဇန်နဝါရီလ တစ်လ အတွင်းလက်နက်ကြီး ပစ်ခတ်မှု (၅၄ ) ကြိမ်ပြုလုပ်ခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ် ။
အင်းလေးဒေသ နဲ့ ပင်လောင်းမြို့နယ် ၊ နန်းတုတ် ကျေး ရွာကို စစ်ကောင်စီနဲ့ လက်အောက်ခံ PNA တို့က ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁ လ အတွင်း လက် နက်ကြီး ပစ်ခတ်မှု (၅၄) ကြိမ် လုပ် ဆောင်ခဲ့တဲ့အတွက် အရပ် သား ၃ ဦး သေဆုံးပြီး ၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလိုလူ နေအိမ်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ ။
၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စစ်ေကာင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA/PNO တို့က ပင်လောင်းမြို့နယ် ၊နန်းတုတ်ကျေးရွာကို မီးလောင် ဗုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဇန်နဝါရီလ ၁၇ ရက်နေ့မှာလဲ အင်းလေးဒေသ ဘုရားတောင်ရွာကို ၃ ကြိမ် ပစ်ခတ်ခဲ့ပြီး အသက် ၆ နှစ် အရွယ်ကလေးငယ် တစ်ဦး အပါအဝင် အရပ် သား ၃ ဦး သေဆုံးကာ ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
ဒါ့အပြင် ဇန်နဝါရီ၁၇ ကနေ ၃၀ ရက်အတွင်း ရေပူ(ထီခိုး) ရွာကို စစ်ကောင်စီက လက်နက်ကြီး မီးလောင်ဗုံး အပါအဝင် လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ပေါင်း (အလုံးအရေအတွက်) (၄၇) ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ် ။
ရေပူ ရွာ(ထီခိုး) ဟာ ဇန်နဝါရီလ ၁ လ အတွင်း လက်နက်ကြီး ပစ်ခတ်မှု အများဆုံး ကျရောက်ခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ် ။
Photo – အင်းလေးဒေသလူ့အခွင့်အရေး