ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အင်းတောင်ဖက်ခြမ်းက ဘိန်းစိုက်ခင်းတွေ ကိုစစ်ကောင်စီနဲ့ လက်အောက်ခံ PNA တို့က တစ်ဧက ၅ သိန်းတောင်း

အင်းတောင်ဖက်ခြမ်းက ဘိန်းစိုက်ခင်းတွေ ကိုစစ်ကောင်စီနဲ့ လက်အောက်ခံ PNA တို့က တစ်ဧက ၅ သိန်းတောင်း

Hsan Loi Editor
17/02/2025
Share:

 

အင်းလေးဒေသ တောင်ဖက်ခြမ်းက ဘိန်းစိုက်ခင်းတွေ ကိုစစ်ကောင်စီနဲ့ လက်အောက်ခံ PNA တို့က တစ်ဧက ၅ သိန်းတောင်း တဲ့အပေါ် စိုက်ပျိုးသူဒေသခံတွေမပေးဆောင်နိုင်တဲ့အတွက် ပြန်လည် ညှိနှိုင်းခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ် ။

 

” ပင်လောင်းဖက်ဆို တစ်ဧကမှ သောင်းဂဏန်းပဲ ပေးရတယ် ၊ ဘာစီးပွားရေးမှ မဖြစ်တော့လို့ ဘိန်းစိုက်တာ ကြတာပေါ့ ၊ နယ်မြေ အ‌နေအထား အရရော နိုင်ငံရေးအရရော သတိထားသွားလာရတဲ့နေရာဖြစ်နေတယ် အခုတော့ PNO က နဲ့ရပ်ကျေးတွေနဲ့ ညှိနှိုင်းပြီး နှစ်သိန်းခွဲတောင်းမယ် လို့တော့ သိရတယ် ” လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ် ။

 

ပြီးခဲ့တဲ့ ရက်ပိုင်းက ဟဲဆပ်ကျေးရွာ အုပ်စုက PNO ပအိုဝ်းပြည်သူ့စစ်ခေါင်း ဆောင်တွေနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးတွေပြန်လည် ညှိနှိုင်းကြပြီးဘိန်းခင်း ၁ ဧကကို နှစ်သိန်းကျပ်ကနေ နှစ်သိန်းငါးသောင်း ကျပ်အထိကောက် ခံ‌မယ်လို့ သိရပါတယ် ။

 

” သူတို့ပြည်သူ့စစ်ထဲဝင်တဲ့အိမ်ကဆိုရင် သူတို့ကောက်တဲ့အခွန်လွတ်တယ် ကားရှိလဲ အခွန်မပေးရဘူး ဘိန်းစိုက်လဲအေးဆေးပဲ ၊ သူတို့ ပအိုဝ်းပြည် သူ့စစ်အဖွဲ့ကနေ ရိက္ခာအတွက်ဘာအတွက်ခေါင်းစဥ်အမျိုးမျိုးနဲ့ကောက်တယ်အခုနောက် ပိုင်း သူတို့အဖွဲ့အတွက် ကားဝယ်ဖို့ ကောက်တာတွေကများနေတယ်” လို့ အင်းလေး ဒေသခံတစ်ဦးကပြောပါတယ် ။

 

စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တို့အထိုင်ချထားတဲ့ မှော်ဘီတံတားနဲ့ နောင်ပီဂိတ် တွေမှာ စက်သုံးဆီနဲ့စားနပ် ရိက္ခာတွေ ပိတ်ဆို့တာတွေပြုလုပ်ပြီး သယ်ယူသူတွေဆီကအခကြေးငွေတွေ အများအပြားကောက်ခံနေသလိုစားသောက် ကုန် ပစ္စည်း တစ်ချို့ကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ သိမ်းယူတာတွေပြုလုပ်တဲ့အတွက် ဘာစီးပွားရေးမှ မဖြစ်ထွန်းဘူးလို့ ဆိုပါတယ် ။

 

ဒါ့ကြောင့် အင်းတောင်ဖက်ခြမ်းမှာ ကုန်စျေးနှုန်းအဆ မတန်မြင့်မားလာခြင်း လမ်း ခရီးမှာနဲ့ အခွန် ကောက်ခံခတွေ မြင့်မားလာတာကြောင့် ဒေသခံတောင် သူအများစုက အချိန်ကာလတိုငွေပေါ်နိုင်တဲ့ ဘိန်းသီးနှံ စိုက်ပျိုးလာကြခြင်းဖြစ်ပါတယ် ။

 

အင်းလေးတောင်ခြမ်း ဘီလူးချောင်း အနောက်ဖက်ကမ်းတစ်လျှောက် ယခုနှစ်ဆောင်းသီးနှံအဖြစ် ဘိန်းစိုက်ခင်းတွေပိုမိုစိုက်ပျိုးလာကြပါတယ် ။

 

Photo credit- အင်းလေး လူထုလှုပ်ရှားမှု