ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
“ ဝ” ဒေသ ဟိုပန်မြို့မှာ ပြီးခဲ့သည့် သြဂုတ်လ(၃)ရက်က ကုန်စုံဆိုင် တစ်ခုမှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် အသက်(၈)နှစ်အရွယ်ကလေး သေဆုံးသွားခဲ့ကာ မိသားစုဝင်(၃)ဦး ဒဏ်ရာရရှိတာနဲ့ ပတ်သက်ပြီး (၂)လအကြာမှာ အဆိုပါ လူသတ်မှု ကျုးလွန်သူကို ယနေ့ အောက်တိုဘာလ(၃၀)ရက်မှာ သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
နောက်ထပ် မုဒိမ်းမှုကျုးလွန်သူ(၆)ဦးထဲမှ ဦးဆောင်သူ(၁)ဦးကို ထောင်ဒဏ် တစ်သက် တစ်ကျွန်းနှင့် ကျန်(၅)ဦးကို ထောင်ဒဏ်(၁၅)စီ ချမှတ်ခဲ့ကြောင်း “ ဝ” ဒေသမှ လာတဲ့ သတင်းအရ သိရသည်။
လူထုရှေ့ ပြစ်ဒဏ်ချမှတ်ခြင်းသည် “ ဝ” ဒေသ၏ ယခင်တည်းက ကျင့်သုံးလာခဲ့သည့် မူဝါဒဖြစ်သလို ယခုလို ကျုးလွန်မှုမျိုး ထပ်မဖြစ်ရအောင် လူထုကို ပညာပေးလုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားစီရင်ရေးကိုတော့ ယနေ့ နံနက်ပိုင်းက ဟိုပန်ခရိုင် ဟိုပန်မြို့ရှိ ယဉ်ကျေးမှုကွင်းမှာ ပြုလုပ်သွားပြီး မြို့နေ လူထုကို လာရောက်ကြည့်ရှု့စေခဲ့သည်ဟု သတင်းရရှိသည်။