ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းရှေ့က မိုင်းဖုန်းဆရာတော် တည်ထားတဲ့ ဓာတ်တော်စေတီမှ ထီးတော်များ ချိုးဖျက်ပြီး စိန်ဖူးတော်များ ခိုးယူခဲ့သည့် အပြင် ဘုရားဆင်းတုတော်များလည်း ဖျက်ဆီးခံရဟုသိရ

သျှမ်းရှေ့က မိုင်းဖုန်းဆရာတော် တည်ထားတဲ့ ဓာတ်တော်စေတီမှ ထီးတော်များ ချိုးဖျက်ပြီး စိန်ဖူးတော်များ ခိုးယူခဲ့သည့် အပြင် ဘုရားဆင်းတုတော်များလည်း ဖျက်ဆီးခံရဟုသိရ

Hsan Loi Editor
25/10/2024
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာမှ မိုင်းဖုန်းဆရာတော် တည်ထားကိုးကွယ်သည့် ဓါတ်တော်စေတီတော်မှ ထီးတော်များ ချိုးဖျက်ပြီး စိန်ဖူးတော်များ ခိုးယူခံရသည့်အပြင် ဘုရားဆင်းတုတော်များလည်း ဖျက်ဆီးခံရကြောင်း သိရသည်။

 

မိုင်းဖုန်းဆရာတော် အညတရဝါသီ အရှင်ညာဏသံဝရ (ခူးဝါးဝုန်းစုမ့်) တည်ထားသော ဓာတ်တော်စေတီရှိ ထီးတော်နှင့် စိန်ဖူးတော်များကို အဓ္ဓမသမားများက ချိုးဖျက်ခဲ့သလို ဘုရား ဆင်းတုတော်များ၏ ဦးခေါင်းတော်တွေလည်း ဖျက်ဆီးသွားကြောင်း Sai Lah Wp ဖေ့စ်ဘုတ် အကောင့်မှ ယမန်နေ့က တင်ထားသည့် ရုပ်သံဗွီတီယိုနှင့် ဓါတ်ပုံများအရ သိရသည်။

 

“ဓါတ်တော်စေတီများနှင့် ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ ကျူးလွန်သူများကို ရှာဖွေဖော်ထုတ်ပြီး အရေးယူသွားရန်နှင့် ပျက်စီးသွားသော စေတီနှင့် ဆင်းတုတော်များကို ပြန်လည်ပြုပြင်သွားရန်” မိုင်းဖုန်းဆရာတော်က မိန့်ကြားထားပါသည်။