အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

သျှမ်းမြောက် မိုင်းရယ်မြို့နယ်မှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၃၃၀ ဦး စစ်ကော်မရှင် ဖမ်းဆီး

သျှမ်းမြောက် မိုင်းရယ်မြို့နယ်မှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၃၃၀ ဦး စစ်ကော်မရှင် ဖမ်းဆီး

Hsan Loi Editor
04/02/2026
Share:
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်မှာ ကျားဖြန့် အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃၃၀ ဦးအား လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိခဲ့ တယ်လို့ စစ်ကော်မရှင်က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။
May be an image of grass and text that says 'ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၊ ဟိုက်ပုကျေးရွာအနီး၌ ရှမ်းပြည်နယ်( အွန်လိုင်းလိမ်လည်လောင်းကစားမှုု လုပ်ကိုင်နေသူများအား ဖမ်းဆီးရမိမှု အဖွဲ့(၁) တရားမဝင်တရုတ်နိုင်ငံသား ကျား(၆၀)ဥး အဖွဲ့(၂) တရားမဝင်တရုတ်နိုင်ငံသား ကျား(၆၀)ဥး'
အဲ့ဒီကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူကို ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက မိုင်းရယ်မြို့ရဲ့ အရှေ့တောင်ဘက် ၃၅ ကီလိုမီတာခန့်အကွာ ဟိုက်ပုကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
May be an image of dais and text that says 'ရှမ်းပြည်နယ် ယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၊ နယ်၊ ဟိုက်ပုကျေးရွာအနီး၌ ဆွန်လိုင်းလိမ်လည်လောင်းကစာမှုလ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်စ္စည်းများအား သိမ်းဆည်းရမိမှု ဖုန်း ၂၀၈လုံး၊ကွန်ပျူတာ ១៤ လုံး ၇ လုံး ၂၃လုံး ၂၃ လုံး'
ဖမ်းဆီးရမိမှုများထဲမှာ အဖွဲ့ ၆ ဖွဲ့မှ တရုတ်နိုင်ငံသား အမျိုးသား ၃၂၁ ဦး၊ အမျိုးသမီး ၉ စုစုပေါင်း ၃၃၀ ဦးနဲ့အတူ မိုးကာအစိမ်းစနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ၁၅ လုံး၊ ဆောက်လုပ်ဆဲ ၁၀ လုံး၊ မီးစက် ၂ လုံး၊ ဖုန်းမျိုးစုံ ၂၀၈ လုံး၊ ALL-IN-ONE ကွန်ပျူတာ ၈၆ လုံး၊ Laptop ၇ လုံး၊ Star Link ၂၃ လုံးနဲ့ မော်တော်ယာဉ်မျိုးစုံ ၁၀ စီး တို့ကို တွေ့ရှိဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
May be an image of ‎text that says '‎ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ဟိုက်ပုကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစာမှုလုင် လုပ်ကိုင်ရာတွင် အသုံးပြုသည့် မော်တော်ယာဥ်များအား သိမ်းဆည်းရမိမှု ורילם 西、 指等 這電面‎'‎
May be an image of jeep, car and text that says 'ရှမ်းပြည်နယ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြောက်ပိုင်း)၊ မိုင်းရယ်မြို့ ဟိုက်ပုကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလု လုပ်ကိုင်ရာတွင် အသုံးပြုသည့် မော်တော်ယာဥ်များအား သိမ်းဆည်းရမိမှု 2G-2776'
သိမ်းဆည်းရမိတဲ့ ကျားဖြန့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်သလို နောက်ကွယ်မှ ပါဝင်ပါတ်သက်သူတွေကိုလည်း ဆက်လက် ဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။
May be an image of grass and text that says 'ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ဟိုက်ပုကျေးရွာအနီး၌ အွန်လိုင်လိမ်ည်လောင်းကစာမုပ လုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ သိမ်းဆည်းရမိမှု မိုးကာအစိမ်းစ အဆောက်အဦ ၁၅လုံး (ကောင်း) မိုးကာအစိမ်းစ အဆောက်အဉ ၁၅လုံး မိုးကာအိမ်းစအဆောက်အွိ.၅လုံး(ကေ (ကောင်း)'
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်ကလည်း သျှမ်းတောင်ရှိ ကွန်ဟိန်းမြို့နယ်ထဲမှာ တရုတ်ကျားဖြန့် ၂၃၃ ဦးနဲ့ အတူ ကျားဖြန့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။