ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် ယမန်နေ့ (၁၁.၁.၂၀၂၄) ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ပြုလုပ်သော အဆိုပါ ဆွေးနွေးမှုတွင် စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ ဒုဗိုလ်ချုပ်ကြီး မင်းနိုင် က ဦးဆောင်တက်ရောက်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က အတွင်းရေးမှူးများက တက်ရောက်ခဲ့သည်ဟု သိရသည်။
ဒါ့အပြင် တရုတ်နိုင် – မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျင်းက တက်ရောက်ခဲ့သည်ဟုဆိုသည်။ အဆိုပါဆွေးနွေးမှုတွင် စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီး နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။