ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်မှ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့သို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား ငွေကျပ်တန်ဖိုး(၄.၄၂၅) ဘီလီယံအား ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့တွင် ဖမ်းမိ

သျှမ်းပြည်နယ်မှ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့သို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား ငွေကျပ်တန်ဖိုး(၄.၄၂၅) ဘီလီယံအား ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့တွင် ဖမ်းမိ

Hsan Loi Editor
02/06/2024
Share:

 

သျှမ်းပြည်နယ်မှ စတင်သယ်ဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး ထိုမှတဆင့် မကွေးတိုင်းဒေသကြီးသို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား (၂၉.၅)သိန်းပြား ငွေကျပ်တန်ဖိုး(၄.၄၂၅) ဘီလီယံအား ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်ကားလမ်း ဆင်မကြပ်ကျေးရွာအနီး၌ မေလ (၂၈)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိပ်နှင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

မူးယစ်ဆေးဝါးများအား ဆာလာအိတ်များအတွင်း ထည့်ပြီး ၆ ဘီးကားဖြင့် သယ်ဆောင်ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးအိတ်များအပေါ် အုတ်ခဲများ ဖုံးအုပ်သယ်ဆောင်ခဲ့သည်ဟုဆိုသည်။ ၎င်းမူးယစ်ဆေးဝါး တင်ဆောင်ထားသော ၆ ဘီးကားအား ထွန်းထွန်းဝင်း မောင်းနှင်ပြီး ၎င်းနှင့်အတူ ထင်ကျော်နှင့် ဟိန်းမင်းမင်း(ခ) မှန်လေးတို့က လိုက်ပါစီးနင်းခဲ့ကာ ၎င်းတို့(၃)ဦးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။ ထိုအတူ (၆)ဘီးကားပိုင်ရှင်ဖြစ်သော ကျော်စွာထွန်း၊ မူးယစ်ဆေးဝါးသယ်ဆောင်မှုတွင် ပူးပေါင်းပါဝင်ကူညီသူများဖြစ်သည့် ထွန်းထွန်း(ခ) မောင်မောင်နှင့် ရန်နောင်ထွေး(ခ)နောင်နောင်တို့ကိုလည်း ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် ဖမ်းဆီးနိုင်ခဲ့သည်ဟုသိရသည်။

 

၎င်းမူးယစ်ဆေးဝါးများသည် သျှမ်းပြည်နယ်မှ စတင်သယ်ဆောင်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည်များက ထွက်ဆိုထားသည်ဟု သိရသည်။