ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့က စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲအဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂) ရပ်ကွက် ၊ ၄၂ လမ်းနှင့် ၆၀ (C ) လမ်းထောင့်တွင် ဇွန်ကိုလတ်နှင့် မခင်လဲ့ရည် (ခ) နန်းမိငယ်တို့၏ လက်ဆွဲအိတ်အတွင်း စိတ်ကြွမူးယစ်ဆေးဝါး (၁.၈) သိန်းပြား ဆည်းသိမ်းရမိခဲ့သည်ဟု စစ်ကောင်စီ မူးယစ်အဖွဲ့မှ ထုတ်ပြန်ထားသည်။
ဆက်စပ်သတင်းများအရဟုဆိုကာ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ ၊ စာတိုးကျေးရွာရှိ ၎င်းတို့နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွမူးယစ်ဆေးဝါး (၅) သိန်းပြား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အလားတူ ၎င်းတို့နှင့်ဆက်စပ်သူများစုဆိုကာ ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းရှိ တည်းခိုခန်းကို ဝင်ရောက်ရှာဖွေရာ စိုင်းလောဝ်ခမ်း (ခ) ဝမ်ရှိတာ၊ နေထွန်းလှ (ခ) အိုက်ရင်၊ အောင်ကိုထွေး (ခ) ကိုစိုင်းနှင့် ကျင်ခန်း တို့ (၄) ဦးအား ပစ္စတိုသေနတ် (၁၉) လက်နှင့် ကျည်အိမ် (၂၄) ခု၊ AK47 သေနတ် (၁) လက်နှင့် ကျည်ဆံများ ထပ်မံသိမ်းဆည်းခဲ့ရသည်ဟုဆိုသည်။
ဒါ့အပြင် မြဝတီမြို့ အမှတ် (၄) ရပ်ကွက် အောင်ဓနလမ်းရှိ အဟုန်၏ နေအိမ်ကို ဆက်လက်ရှာဖွေရာမှ ၎င်းနေအိမ်အတွင်း ရဲထက်ကျော်နှင့်ဟိန်းဆွေတို့အား အိုက်စ် (၃) ကီလို၊ ကက်တမင်း (၀.၉) ကီလို၊ ၁၂ ဗို့ သေနတ်(၃) လက်၊ AK47 သေနတ် (၉) လက်၊ ပစ္စတိုသေနတ် (၂) လက်နှင့် ဆက်စပ်ပစ္စည်းများ ထပ်မံဖမ်းမိခဲ့သည် ဟုဆိုသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသည် သျှမ်းပြည်နယ်မြောက်ပိုင်းမှ ကရင်ပြည်နယ်သို့ သယ်ပို့ရန်ဟုဆိုကာ လက်နက်ခဲယမ်းများကို ကရင်ပြည်နယ်မှ သျှမ်းပြည်နယ်သို့ ပြန်လည်သယ်ဆောင်ရန်ဖြစ်သည်ဟု ဖော်ပြထားသည်။
credit & CCDAC
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/