ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
Shan Community in Japan နှင့်Shan American Community အဖွဲ့တို့ ပူးပေါင်းပြီး
စုစုပေါင်း ၃,၅၀၀,၀၀၀ ကျပ် (သုံးဆယ့် ငါးသိန်းကျပ်) တန်ဖိုးရှိသည့် အခြေခံစားသောက်ကုန်များ ဆန်၊ ဆီ၊ ဆား၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ အာလူး၊ မုန်လာထုပ်၊ မုန်လာပွင့်၊ ခရမ်းချဥ်သီး၊ ငရုပ်သီး၊ ကြာဇံ၊ ခေါက်ဆွဲ၊ စွန်တန်ခြောက် နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများ (ရွှေဝါဆပ်ပြာ၊ ကာပေါ်လစ်ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ အမျိုးသမီး လစဥ်သုံး ပစ္စည်းများ)၊ ကလေးငယ်များအတွက် မုန့်များ (ပဲနို့၊ ဘီစကွတ်၊ဝေဖာ၊ ဘာလီချိုချဥ်များ) အား နောင်ချိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်မိဘပြည်သူများထံ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းသိရပါသည်။
ဒါ့အပြင် လက်နက်ကြီးကျရောက်မှုကြောင့် အသက် သေဆုံးခဲ့ရသော လုံခံကျေးရွာမှ စိုင်းအောင်သိန်း အတွက် ၁၀၀,၀၀၀ ကျပ် (တစ်သိန်းကျပ်) တိတိအား ဇနီးသည် ဖြစ်သော နန်းအေးနွံထံ မေတ္တာပြကူငွေလည်း ပေးအပ်ခဲ့ပါသည်။
Shan Community in Japan, Shan American Community အဖွဲ့များကိုယ်စား သျှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်း မှ ကွင်းဆင်းသွားရောက်လှူဒါန်းပေးခြင်း ဖြစ်သည်။
ထွက်ပြေးတိမ်းရှောင်နေရသော လုံခန်ရွာ၊ ကြံခင်းရွာ၊ ခေးနင်းရွာ (ဒိုးပင်ရွာ)၊ ခဲမွန်ရွာတို့သည် သျှမ်းရွာများ ဖြစ်ကြပြီး ကုလားကွဲ ကျေးရွာသည် ဓနုနှင့် ဗမာလူမျိုးများ နေထိုင်ရာ ကျေးရွာ ဖြစ်ပါသည်။ လက်ရှိတွင် အဆိုပါ ကျေးရွာများမှ ဒေသခံရွာသား/သူ (၅၅၂ ကျား – ၂၂၉ , မ- ၃၂၃ ) ဦး ကျော်တို့သည် ဟိုခိုကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ယာယီ တိမ်းရှောင်နေရပြိး နေရပ်ပြန်နိုင်ခြင်း မရှိသေးပါ။
ယခု ရက်ပိုင်း အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA/PDF ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ပွဲကြောင့် လုံခန်ကျေးရွာမှ ဘုန်းကြီးဆွမ်းစားကျောင်းနှင့် အရပ်သားပြည်သူများ နေအိမ် ၃ အိမ် စုစုပေါင်း အဆောက်အဦး ၄ လုံးအား လက်နက်ကြီးထိမှန်ကာ ပျက်ဆီး ဆုံးရှုံးခဲ့ရပါသည်။
၁၁.၂.၂၀၂၃ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်ခန့်က လုံခန်ကျေးရွာရှိ အသက် ၂၃ နှစ် အရွယ် စိုင်းအောင်သိန်း၏ နေအိမ်အပေါ်သို့ လက်နက်ကြီး ကျရောက်သဖြင့် ပွဲခြင်းပြီး သေဆုံးခဲ့ရပါသည်။
၂၀၂၂ ခုနှစ် ၉ လပိုင်း အတွင်းကလည်း အသက် ၄၀ အရွယ် စိုင်းကျော်ဇောအနားသို့ လက်နက်ကြီး ကျရောက်မှုကြောင့် ဝမ်းဗိုက်ပေါက်ပြဲပြီး ယနေ့အချိန်ထိပင် ကောင်းမွန်စွာ ကျန်းမာမှု မရှိသေးပါ။
စစ်ဘေးတိမ်းရှောင်နေစဥ်ကာလ အတွင်း လုံခန်ကျေးရွာမှ ရွှေကြယ်ငွေကြယ် ကုန်စုံဆိုင်၊ စိန်ဟုံ စားသောက်ဆိုင်နှင့် ဒေါ်ခမ်းလှ ကုန်စုံဆိုင်တို့အား မွှေနောက်ကာ ဘီယာ၊ အချိုရည်၊ ဖိနပ် အစရှိသော ကာလတန်ဖိုး သိန်း ၁၂၀ ဝန်းကျင်ခန့် ရှိသော လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းများအား မသမာသူများမှ ခိုးယူ သွားခဲ့ကြောင်း သိရပါသည်။
လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အရပ်သားများကို ထိခိုက်မှု မရှိစေရန်အတွက် အရပ်ဘက် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအား သေချာစွာ ခွဲခြားကြရန်၊ အများပြည်သူ၏ လုံခြုံရေးဆိုင်ရာ ကိစ္စအဝဝကို အာမခံနိုင်ရန်အတွက် ဂျီနီဗာကွန်ဗန်းရှင်းအပါအဝင် စစ်ဘက်ဆိုင်ရာ နှင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ်များအား အလေးအနက်ထားကာ လိုက်နာကြရန်လည်း သျှမ်းစာပေနှင့်ယဉ်ကျေးမှု လူငယ်အဖွဲ့များက တိုက်တွန်းထားပါသည်။
သျှမ်းလူမျိုးများ နေထိုင်ရာဒေသများ အတွင်းရှိ စစ်ဘေးရှောင်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် Tai Youth Yangon page messenger သို့မဟုတ် [email protected] ထံတွင် စုံစမ်းမေးမြန်းကာ လှူဒါန်း နိုင်ပါသည်။
credit & Tai Youth Yangon