ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်-ပုံဝိုး ကျောက်ခင်းလမ်းတွင် ပြောင်းဆံများတင်ထားသည့် ထော်လာဂျီ မတော်တဆဖြစ်ပြီး ယာဉ်ပေါ်ပါသူ (၇) ဦး ဒဏ်ရာရရှိ

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်-ပုံဝိုး ကျောက်ခင်းလမ်းတွင် ပြောင်းဆံများတင်ထားသည့် ထော်လာဂျီ မတော်တဆဖြစ်ပြီး ယာဉ်ပေါ်ပါသူ (၇) ဦး ဒဏ်ရာရရှိ

Hsan Loi Editor
12/12/2022
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်-ပုံဝိုး ကျောက်ခင်းလမ်းမ ကုန်းညောင်ရွာနှင့် နမ့်မော်ဖီလူးရွာကြား၌ ဒီဇင်ဘာလ (၁၂) ရက်နေ့ မွန်းလွဲ (၁) နာရီခန့်တွင် ပြောင်းဆံအိတ်များ တင်ဆောင်ထားသော ထော်လာဂျီတစ်စီး မတော်တဆ ရှေ့ဘယ်ဘက်ဘီး ကျွတ်ထွက်ပြီး လမ်းဘေးထိုးကျမှု ဖြစ်ပွားခဲ့သည်။

 

အဆိုပါမတော်တဆမှုကြောင့် ထော်လာဂျီတိမ်းမှောက်ခြင်းမရှိသော်လည်း ယာဉ်ပေါ်ပါသူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန်က လူနာတင်ယာဉ်များဖြင့် ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/