ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ယနေ့နံနက်ပိုင်းတွင် သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ ဘန်းယဉ်မြို့တွင် ပုံးအင်းဒေသလုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ (၂၅) နှစ်ပြည့် ငွေရတုသဘင် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို အဝင်မုခ်ဦးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပွဲတော်ကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှ မတ်လ (၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဟုသိရသည်။
ညပိုင်းတွင် သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ကထိက မဟာ ဌာနမှူးဆရာတော် ဒေါက်တာအရှင် ပညာဘောဂါဘိပါလ၊ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ ဆရာတော် ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ၊ တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမန္ဒ(စဝ်ဆုခမ်း) တို့ တရားဟောသွားမည်ဖြစ်ကြောင်း သိရသည်။