ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီး ၊အောင်ပန်း ၊ကလောတို့တွင် ဒီဇင်ဘာ ၅ ရက်ညပိုင်းကစပြီး စက်သုံးဆီရောင်းချတဲ့ဆိုင်တစ်ချို့ တွင်ဆီပြတ် လပ် နေကြောင်း သိရသည် ။
” မနေ့ကတော့ တောင်ကြီး မှာ ဆိီဆိုင်တွေ တော် တော်များ များ 95 တွေပဲ ရတော့တယ် ၊ တန်းဆီဝယ်ရနေတာ ပေါ့ ဆိုင်ကယ်တွေဆိုရင် တစ်စီး ၅၀၀၀ နှုန်းပဲ ရတော့တယ် ၊ မနက်ပိုင်းကတော့ မြို့ပြင်ကဆီဆိုင်တွေမှာ ရသေးတယ် နေ့လည်လောက်ကျတော့ ပိတ်တဲ့ဆိုင်ကပိတ် ကုန်ပြီ ” ဟု တောင်ကြီး မြို့ခံတစ်ဦးကပြောသည် ။
အလားတူ အောင်ပန်း၊ ကလော တို့တွင်လည်း ဓါတ်ဆီဝယ် ယူရန် တန်းဆီနေရပြီး အကန့်အသတ်ဖြင့်သာ အလှည့်ကျ တန်းစီစနစ်ဖြင့် ဝယ်ယူနေရကြောင်း သိရသည် ။
” 92 က ၅ ရက်နေ့ကတည်းက ဆိုင်တစ်ချို့မှာ လုံးဝမရတော့တာ ခုရင်တွေဆိုရင် 95 ပဲရတော့တယ် ၁ လီတာကို ၂၇၂၅ နှုန်းနဲ့ ဆိုင်တွေမှာတန်းဆီပြီး ဝယ်ရတယ် ၊ အောင်ပန်းမှာ ၃၀၀၀ နှုန်းလောက် ရှိတယ်လို့ ” ဟု ပြောသည် ။
ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ဓါတ်ဆီစျေးများယခင်လက ထိုးတက်လာခြင်းသည် စစ်ကောင်စီက ဓာတ်ဆီ တင်သွင်းသူတွေအတွက် အမေရိကန် ဒေါ်လာ ရောင်းချပေးမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ ရပ်လိုက်တာကြောင့် စက်သုံးဆီ စျေးနှုန်းတွေယခုလို ခုန်တက်ပြီး စျေးကွက်ထဲ ဆီပြတ်လပ်ခြင်းဖြစ်ကြောင်း စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည် ။
” ဒေါ်လာစျေးနဲ့အတူ ဆီစျေးက သွားနေတာကို ဗဟိုဘဏ်က တော်ကြာတစ်မျိုး ခုတစ်မျိုးလုပ်တော့ ကမှောက်ကမ ဖြစ် ကုန်တာပေါ့ ဒါကတော့ အမြဲလိုကြုံ နေရဦးမှာပဲ စစ်ကောင်စီက ဖင်မနိုင်ပဲ ပဲဟင်းစားတာလေ ပြည်သူတွေကလှိမ့်ခံရတာပေါ့ ” ဟုဆိုသည် ။
ဗဟိုဘဏ် မှဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်နှုန်း သတ်မှတ်ချက်ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ ရက်တွင်ပယ်ဖျက်ကာ ပြင်ပပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုသည့် သတင်းထွက်ပေါ် လာပြီးနောက် စက်သုံးဆီဈေးများ မြင့်တက်လာသည့်အပြင် သီလဝါဆိပ်ကမ်းမှ ဆီဘောက်ဆာများထံ ဆီထုတ်လို့မရသေးဘဲ ပိတ်မိနေခြင်းကြောင့် မြို့ကြီးများရှိစက်သုံးဆီ အရောင်းဆိုင်
များ ဆီပြတ်ပြီး ယခုလို ဆီရောင်းချမှု ရပ်နားထားရခြင်းဖြစ်သည် ။