ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း အင်းလေး ၊ အောင်ပန်း ၊ က လော ၊ရွှေညောင်နှင့် ဆီဆိုင်မြို့နယ်တို့တွင် ယခုရက် ပိုင်းအတွင်း စစ်ကောင်စီနှင့် ဒေသတွင်း PDF တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ဇန်နဝါရီ ၃ ရက်နေ့ညက သန်းထောင်မှာ နှစ်ဖက် အပြန်အလှန်စပစ်ခတ်တာ ညတွင်းချင်း ခေါင်တိုင်လမ်းကို ပိတ်လိုက်တယ်၊ PDF ၃ ယောက်ကျပြီး ၁ ယောက် ဖမ်းခံလိုက်ရတယ်လို့ကြားတယ်” ဟု ညောင်ရွှေ သတင်းရင်းမြစ်က ဆိုသည်။
ဇန်နဝါရီလ ၊ ၃ ရက် နေ့လည်ပိုင်းတွင် အင်းလေးဒေသ ဘုရားနီအနီးဒေသတွင်း PDF နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွါးခဲ့ပြီးတိုက်ပွဲပြင်း ထန်ကာ နှစ်ဘက်အကျဆုံးများရှိခဲ့ကြောင်း ၊ ဇနဝါရီ ၄ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင်လည်း ဆီဆိုင်မြို့နယ်အနီးတွင် သျှမ်းတောင် PDF တပ်ပေါင်းစုများ စခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့ပြီး စစ်ကောင်စီဖက်ကျဆုံးမှူများရှိနေကြောင်း ၄င်းအပြင် အောင်ပန်း တောင်ကြီးကြားရှိ စစ်ဆေးရေးဂိတ်များကိုလည်း ရှမ်းတောင် PDF များ ဝင်ရောက်ပစ်ခတ်ခဲ့ကြကြောင်း သျှမ်းတောင် တော်လှန်ရေး အင်းအားစုများ ထံမှသိရသည်။
ထို့ကြောင့် တောင်ကြီး၊ ရွှေညောင် ၊ ကလောဝန်းကျင်တွင် ပစ်ခတ်မှုများဖြစ်လာနိုင်ပြီး တောင်ကြီးနှင့် ကလောမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုပိုမိုကြမ်းတမ်းလာတော့မည်ဟု သျှမ်းတောင် တော်လှန်ရေးအင်းစုများက ပြည်သူများထံသတိပေးထားသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/