ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သီပေါမြို့နယ် ကုန်းသာရွာတွင် စစ်ကောင်စီနှင့် SSPP တို့ တိုက်ပွဲဖြစ်ပွား ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရဟုဆို

သီပေါမြို့နယ် ကုန်းသာရွာတွင် စစ်ကောင်စီနှင့် SSPP တို့ တိုက်ပွဲဖြစ်ပွား ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရဟုဆို

Hsan Loi Editor
25/11/2022
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် ကုန်းသာရွာတွင် ယနေ့ နိုဝင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်း၌ စစ်ကောင်စီတပ်နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်ဘက်မှ (၂) ဦးသေဆုံးခဲ့ကြောင်း သိပြီး ယနေ့ညနေပိုင်းအထိ (၂) ဘက်တပ်များ အင်အားဖြည့်တင်းလျက်ရှိကြောင်း သတင်းရရှိသည်။

 

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းသာကျေးရွာမှ ရွာသူရွာ သားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ထားရသည်။

 

 

 

#HsanLoiVoice

 

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

 

https://hsanloivoice.org/