ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သီပေါမြို့ရှိ စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော ခလရ ၂၃၊ ခမရ ၅၀၃၊ ခမရ ၅၀၄ တို့အား TNLA နှင့် တော်လှန်ရေး အင်အားစုများက ယနေ့ စက်တင်ဘာလ (၁၉) ရက်
နေ့ နံနက်ပိုင်း၌ ထိုးစစ်ဆင်တိုက်ခိုက်ရာ ၂ ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။
သီပေါမြို့တွင်းကို TNLA ၊ MNDAA နှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပြီဖြစ်ကာ သီပေါတံတား၌လည်း ၎င်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီးဖြစ်သည်။ မြို့အဝင်အထွက်ကို တော်လှန်ရေးတပ်များက စောင့်ကြပ်ထားပြီး စစ်ကောင်စီအဖွဲ့က ၎င်းတို့၏ တပ်အတွင်း၌ပင် ခုခံစစ်ဆင်နေခြင်းဖြစ်သည်။
စစ်ကောင်စီက ၎င်းတို့၏ တပ်ရင်းများမကျရေး လေကြောင်းဖြင့် တစ်နေ့လုံး ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သီပေါမြို့ခံတစ်ဦးကပြောပြသည်။
“ မြို့ထဲမှာတော့ TNLA နဲ့ MNDAA အဖွဲ့တွေက ထိန်းချုပ်ထားပြီးပြီ။ တံတားရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်လည်း တိုင်းရင်းသားတပ်တွေပဲ ထိန်းထားပြီးတော့ သူတို့အလံတွေစိုက်ထူထားတာကြာပြီ။ စစ်ကောင်စီတပ်က သူတို့တပ်ထဲကနေ မထွက်နိုင်လို့ စားနှပ်ရိက္ခာတောင်မှ သူတို့လေကြောင်းကနေပဲချပေးနေရတာပါ။ ဒီနေ့တော့ ရိက္ခာပြတ်သလောက်ဖြစ်နေတဲ့ သူတို့အဖွဲ့ထံကို တော်လှန်ရေးအဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ဝင်တိုက်နေတာပေါ့။ စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ဗုံးကြဲပြီး ပြန်တိုက်တော့ ပြည်သူလူထုအိမ်တွေပေါ်ကျပြီး ပျက်စီးမှုတော်တော်များပါတယ်။” ဟု နမ့်လန်မြို့ထံ တိမ်းရှောင်လာသော သီပေါမြို့ခံတစ်ဦးကပြောပြသည်။
သီပေါမြို့တွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းပြတ်
တောက်လျက်ရှိပြီး ဒေသခံများစွာ တိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။