နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ မရှောင် နမ္မတူနဲ့ သီပေါကို စစ်တပ်ဗုံးကြဲ

သီတင်းကျွတ်လပြည့်နေ့ မရှောင် နမ္မတူနဲ့ သီပေါကို စစ်တပ်ဗုံးကြဲ

Hsan Loi Editor
09/10/2025
Share:
သီတင်းကျွတ်လပြည့်နေ့ ဥပုသ်နေ့တောင်မရှောင်ဘဲ သျှမ်းပြည်မြောက်ပိုင်း၊ သီပေါနဲ့ နမ္မတူမြို့ထဲကို စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
No photo description available.
ယနေ့ အောက်တိုဘာလ ၆ ရက် နံနက် ၇ နာရီ ၄၃ မိနစ်အချိန်က နမ္မမြို့ ရှိ ပန်ဟိုက် ရပ်ကွက် ၂ ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချပြီး နေအိမ် ၆ လုံး ဗုံးစထိမှန် ပျက်စီးသွားခဲ့ တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ္မတူ ပြည်သူအချို့ ထိခိုက်မှုရှိတယ်လို့လည်း သိရပါတယ်။
No photo description available.
အလားတူ စစ်ကော်မရှင်တပ်က နမ္မတူမြို့ကို ဗုံးကြဲတိုက်ခိုက်ပြီး ၆ မိနစ်အကြာ သီပေါမြို့ကိုလည်း ဗုံးကြဲတာကြောင့် ဆက်သွယ်ရေးဘက် ကျရောက် ပေါက်ကွဲတယ်လို့ သိရပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ Hsan Loi Voice အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။
No photo description available.
ပြီးခဲ့တဲ့ အောက်တိုဘာလ(၂)ရက်နေ့ကလည်း နမ္မတူမြို့ကို စစ်တပ်က ဗုံးကြဲချတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။