ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လွိုင်ကော်မှတပ်ပြောင်းသွားသည့် ဒကစမှူး၏စစ်သုံးပစ္စည်းနှင့် ကျည်များ ဖမ်းဆီးရမိဟု PDFစစ်ရုံးချုပ် ထုတ်ပြန်

လွိုင်ကော်မှတပ်ပြောင်းသွားသည့် ဒကစမှူး၏စစ်သုံးပစ္စည်းနှင့် ကျည်များ ဖမ်းဆီးရမိဟု PDFစစ်ရုံးချုပ် ထုတ်ပြန်

Hsan Loi Editor
28/08/2023
Share:

 

လွိုင်ကော်မှ တနိုင်းမြို့နယ်သို့ တပ်ပြောင်းရွှေ့လာသောဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစမှူး)ဗိုလ်မှူးချုပ်မြတ်မင်းမိုး၏ တပ်သုံးပစ္စည်းများနှင့်အိမ်ထောင်သုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း (PDF) စစ်ရုံးချုပက ယနေ့(ဩဂုတ် ၂၈ရက်)တွင် သတင်းထုတ်ပြန်သည်။

ဗိုလ်မှူးချုပ်မြတ်မင်းမိုးသည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၏ ဒေသကွပ်ကဲမှူစစ်ဌာနချုပ်မှူး(ဒကစမှူး)အဖြစ်မှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း)သို့ ဒေသကွပ်ကဲမှူစစ်ဌာနချုပ်မှူး(ဒကစမှူး)အဖြစ် ရွှေ့ပြောင်းလာစဉ် ၎င်း၏ ပစ္စည်းများကို ထီးချိုင့်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သြဂုတ်၉ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပကဖ)က ထီးချိုင့်မြို့နယ်တွင် ကုန်ကား များကို စစ်ဆေးနေစဉ် စစ်သုံးပစ္စည်းများ ပါလာသည့် ကုန်တင်ယာဉ်ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ၁၂ဘီးကား ကုန်တင်ယာဉ်ပေါ်၌ စစ်ယူနီဖောင်း (၇၀) စုံ၊ ကျည် ၄၆၅ တောင့်၊ လက်ပစ်ဗုံး (၅) လုံး၊ Skynet (၂) လုံး၊ ဓာတ်မြေသြဇာ (၁၅၀) အိတ် ၊ Sony အမျိုးအစား Camera (၁) လုံး ၊ Fax စာပို့စက် (၁) လုံး၊ Jammer အကြီး (၁) လုံး ၊ Jammer အသေး (၁) လုံး၊ PC Computer (၂) လုံး ၊ TYT ဆက်သွယ်ရေးစက် (၄) လုံး ၊ Inverter (၄) လုံး ၊ Equipment (၁) စုံ၊ စစ်ဖိနပ် (၃)ရံ၊ ဆုတံဆိပ် (၆) ခု၊ TV (၂)လုံး၊ ကော်ရည်လောင်းစက် (၁)ခု၊ ကတ်ထရစ် (၂) ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်ထားသည်။

 

(သိမ်းဆည်းရမိသော ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)