ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လွတ်လပ်ရေးအခမ်းအနားကပြန်လာသည့် ALP စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ခိုင်စောမြ အပါအဝင် ALPအရာရှိသုံးဦး စစ်တွေမြို့ပေါ်၌ ပစ်ခတ်ခံရပြီးသေဆုံး

လွတ်လပ်ရေးအခမ်းအနားကပြန်လာသည့် ALP စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ခိုင်စောမြ အပါအဝင် ALPအရာရှိသုံးဦး စစ်တွေမြို့ပေါ်၌ ပစ်ခတ်ခံရပြီးသေဆုံး

Hsan Loi Editor
04/01/2023
Share:

 

စစ်တွေမြို့တွင် စစ်ကောင်စီမှကျင်းပပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ပြီး ပြန်လာသည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(ALP) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ခိုင်စောမြ အပါအဝင် ALPအရာရှိသုံးဦး စစ်တွေမြို့ပေါ်၌ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သိရသည်။

ALP စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ခိုင်စောမြ၊ စစ်တွေတာဝန်ခံ တပ်ရင်းမှူး ကျော်စိုးနှင့် ဗိုလ်သူရိန်ထက်တို့သုံးဦးသည် စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီး ALP ရုံးသို့အပြန် စစ်တွေမြို့ စက်ရုံစုရပ်ကွက် ငါးစိုင်းရိုင်းကျောင်းရှေ့၌ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ရခိုင်အခြေစိုက် သတင်းအရင်းအမြစ်များက ဖော်ပြသည်။

ALPသည် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ ယခု ပစ်ခတ်ခံရသည့် ALP စစ်ဦးစီးချုပ်သည် စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည့် ALP ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/