ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က စိုင်းထက်ကျော် အသက် ၁၉ နှစ် နှင့် ဒေါ်နန်းအောင် အသက် ၅၅ နှစ်တို့ လျော်ကြေးတောင်းရန် လောပိတ (ရှမ်းရွာ) သို့ သွားရောက်ခဲ့ရာ ရောက်ရှိချိန်တွင် နှစ်ဦးနှစ်ဖက် အချင်းများကြပြီး တဘက်မှ အမျိုးသားတဦးက
ဓားဖြင့် ခုတ်လိုက်ကြောင်း သိရပါသည်။
လူနာနှစ်ဦးလုံး သွေးထွက်လွန်ပြီး ဒေါ်နန်းအောင်၏ ပြတ်ထွက်သွားသော လက်တစ်ဖက်မှာလည်း
အခင်းဖြစ်ပွားရာခြံဝန်းထဲတွင် ကျကျန်ခဲ့ကြောင်းသိရသည်။
လူနာ (၂) ဦးကို လောပိတတိုက်နယ်ဆေးရုံမှ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ယခင် နိုဝင်ဘာလတွင် ဆိုင်ကယ်နှင့်ကား အက်စီးဒင့်ဖြစ်ပြီး စိုင်းထက်ကျော်နှင့် ဒေါ်နန်းအောင်တို့က လျော်ကြေးပြန်လာတောင်းရာမှ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/
Photos: ရွှေလွိုင်ကော်ပရဟိတ