ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လဲချားမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် SSPP တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား လက်နက်ကြီးများဖြင့်အပြန်အလှန်ပစ်ခတ်နေ

လဲချားမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် SSPP တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား လက်နက်ကြီးများဖြင့်အပြန်အလှန်ပစ်ခတ်နေ

Hsan Loi Editor
06/08/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် SSPP အဖွဲ့တို့ ယမန်နေ့ညနေပိုင်းခန့်က စတင်ပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် (၆) နာရီခန့်ကစတင်ပြီး လဲချားမြို့နယ် ဟိုင်းဆိုင်ကျေးရွာအုပ်စု နမ့်ပေါက်ရွာအနီးရှိ SSPP ကုန်းစခန်းတစ်ခုအား စစ်ကောင်စီမှ လက်နက်ကြီးဖြင့်စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ ထို့နောက် SSPP ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ယခု သတင်းဖော်ပြချိန်အထိ လက်နက်ကြီးသံများ ရံဖန်ရံခါထွက်ပေါ်လျက်ရှိသည်။

“ တိုက်ပွဲကတော့ မနေ့ညကတည်းက စတာပါ။ စစ်ကောင်စီဘက်ကနေ SSPP တပ်တွေနေတဲ့ စခန်းကုန်းကို လက်နက်ကြီးတွေနဲ့စပစ်တယ်။ SSPP ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ်တော့ မနေ့ညကတည်းက တိုက်ပွဲသံတွေဆူညံနေတယ်။ ဒီဘက်မှာက SSPP တပ်ဖွဲ့ဝင်တွေ ထောင်ဂဏာန်းလောက်ရှိနေတော့ တိုက်ပွဲကတော့ ပြင်းထန်လာမယ့် သဘောရှိတာပေါ့။ ဒီမနက်ဆိုရင် စစ်ရဟတ်ယာဉ်တွေလည်း လဲချားမြို့နယ်အတွင်း ပျံဝဲနေတာတွေရှိတယ်။ တိုက်ပွဲကတော့ ၃ နေရာလောက်ဖြစ်နေတယ် တစ်နေရာကတော့ နမ့်တိန်းချောင်းကူးတံတားမှာပါ။ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ SSPP တပ်ဖွဲ့တွေရှိတဲ့ဘက်ကို ထိုးစစ်ဆင်နေပြီလို့ ပြောလို့ရတယ်။” ဟု လဲချားမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

လဲချားမြို့နယ်အတွင်းရှိ SSPP တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာပေးရန် စစ်ကောင်စီမှ ဖိအားပေးတောင်းဆိုခြင်းမှ စပြီး ၂ ဖက်တပ်များ စစ်ရေးတင်းမာလာကာ တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။

တိုက်ပွဲမစတင်မီ ကင်းလှည့်နေသော SSPP တပ်ဖွဲ့ဝင်များအား စစ်ကောင်စီတပ်ဘက်မှ စတင်ပစ်ခတ်တိုက်ခဲ့ပြီး SSPP တပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

တိုက်ပွဲနှင့်နီးသော ရွာခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။