ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လေးကေ့ကော်မြို့အနီး စစ်ကောင်စီ၏ စွယ်တော်အမြောက်တပ်ကုန်းကို KNLA နှင့် တော်လှန်ရေးတပ်များသိမ်းပိုက်

လေးကေ့ကော်မြို့အနီး စစ်ကောင်စီ၏ စွယ်တော်အမြောက်တပ်ကုန်းကို KNLA နှင့် တော်လှန်ရေးတပ်များသိမ်းပိုက်

Hsan Loi Editor
17/10/2024
Share:

 

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီ၏ စွယ်တော်အမြောက် တပ်ကုန်းကို ယနေ့ စက်တင်ဘာလ(၁၇)ရက် နံနက်အစောပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေး ပူးပေါင်းတပ်က သိမ်းပိုက်ရရှိကြောင်း စုံစမ်းသိရသည်။

 

ပြီးခဲ့သည့် ဩဂုတ်လက စတင်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သော စစ်ကောင်စီ၏ စွယ်တော်အမြှောက်ကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက (၂)လနီးပါး တိုက်ခိုက်ခဲ့ပြီး ယနေ့မှာ စစ်ကောင်စီ၏ လက်ကျန်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ယခုသိမ်းပိုက်ရရှိသော လေးကေ့ကော်မြို့သစ်အနီးရှိ အဆိုပါ စွယ်တော်ကုန်းသည် စစ်‌ကောင်စီ၏ တပ်မ (၄၄)မှ ဗျူဟာမှူးအဆင့် အထိုင်ချသောနေရာဖြစ်ကြောင်း သိရသည်။