ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လောက်ကိုင်မြို့နယ်အတွင်း စစ်ကောင်စီအဖွဲ့ဝင်နှင့် မိသားစုဝင် ၃ ထောင်ကျော် MNDAA ထံ ထွက်ခွာခွင့်တောင်းခံထားဟုဆို

လောက်ကိုင်မြို့နယ်အတွင်း စစ်ကောင်စီအဖွဲ့ဝင်နှင့် မိသားစုဝင် ၃ ထောင်ကျော် MNDAA ထံ ထွက်ခွာခွင့်တောင်းခံထားဟုဆို

Hsan Loi Editor
05/01/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် စစ်ကောင်စီ၏ ဒေသခကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)အပါအဝင် လောက်ကိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားများအားလုံးနီးပါး MNDAA ထံ ယနေ့(၅.၁.၂၀၂၄)ရက်နေ့၌ လက်နက်ချအညံ့ခံခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် (၃၅၀၀)ဦးကျော်ခန့်သည်လည်း လောက်ကိုင်မြို့မှ ထွက်ခွာရန် MNDAA ထံ တောင်းခံထားသည်ဟု ဆိုသည်။

လက်ရှိတွင် MNDAA အဖွဲ့က လောက်ကိုင်မြို့တစ်ဝက်ကျော်နီးပါးခန့်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး စစ်ကောင်စီတပ်သားများလည်း ဆုတ်ခွာနေပြီဖြစ်သည်။ လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုဝင်များအားလုံး လိုရာခရီးသွားနိုင်ရေး MNDAA မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။