ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ဂေါက်ကလပ်ရှေ့တွင် (၁.၄.၂၀၂၃) ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် အမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိထားသူကို သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ကုသဆောင်တွင် အတွင်းလူနာအဖြစ်ထားရှိထားသည်။
“လူနာကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေရထားတယ်။ ဖြစ်တဲ့နေ့ကတည်းက ကျနော်တို့ လူမှုကူညီရေးအသင်းအဖွဲ့ကလူတွေ လူနာကို ဆေးရုံတခါတည်းပို့ပြီး ကုသမှုခံယူစေခဲ့တယ်။ ဒါပေမယ့် သူက သတိပြန်မလည်သေးတော့ နာမည်ရော နေရပ်လိပ်စာရောမသိရသေးဘူး။ အခုထိလည်း သူ့မိသားစုနဲ့ ဆွေမျိုးတွေနဲ့ အဆက်အသွယ်မရသေးဘူး။ သူ့လက်ရှိအခြေအနေကတော့ သိပ်မကောင်းဘူး။” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက ပြောပြသည်။
အဆိုပါလူငယ်၏ မိဘနှင့် မိသားစုဝင်များ ကို သိပါက လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းကို ဆက်သွယ်ပေးရန် ထုတ်ပြန်ထားသည်။