ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီး မီးလောင်ခဲ့ဟုဆို 

လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီး မီးလောင်ခဲ့ဟုဆို 

Hsan Loi Editor
30/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီတပ်၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ယနေ့ ဇူလိုင်လ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် MNDAA တို့လည်း ယနေ့ နံနက်တစ်ပိုင်းလုံး တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 

လက်ရှိအချိန်အထိ သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်း လက်နက်ကြီးအသံများ ကြားနေရဆဲဖြစ်ပြီး MNDAA နှင့် တော်လှန်ရေးအင်အားစုများက ရမခတိုင်းစစ်ဌာနချုပ်အား ဦးတည်ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။