ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လားရှိုးမြို့ပေါ်အထိ စစ်ပွဲသံသဲ့သဲ့ရောက်ရှိနေပြီ

လားရှိုးမြို့ပေါ်အထိ စစ်ပွဲသံသဲ့သဲ့ရောက်ရှိနေပြီ

Hsan Loi Editor
28/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီအဖွဲ့ရှိသော နေရာအချို့အား ယနေ့ အောက်တိုဘာလ(၂၈)ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က Drone ဖြင့် စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဒရုန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ဒေသခံပြည်သူ့စစ်အဖွဲ့ဝင်များလည်း သေဆုံးမှုရှိသည်ဟု ဒေသသတင်းအရင်းအမြစ်များကဆိုသည်။

ယနေ့ ညနေပိုင်းခန့်တွင်လည်း ကန်မိန်းသျှမ်းကျောင်းနားအထိ အပြန်အလှန်ပစ်ခတ်နေသည့် သေနတ်သံများကြားနေရသည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာလ(၂၇)ရက်နေ့ ညပိုင်းတွင် လားရှိုးမြို့၌ တစ်ညလုံး လက်နက်ကြီးပစ်ခတ်သံများဖြင့် ဆူညံနေပြီး ယနေ့ နေ့ခင်းပိုင်း၌ ပစ်ခတ်တိုက်ခိုက်သံများ စတင်ကြားနေရခြင်းဖြစ်သည်။